
ရန်ကုန် ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ရန်ကင်းမြို့နယ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ သုတေသနလုပ်ငန်းဆောင်ရွက် နေမှုများကို ဒီဇင်ဘာ ၈ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနမှ သုတေသနပြု စမ်းသပ်ထုတ်လုပ်သည့် MSME လူသုံးကုန် ပစ္စည်းများနှင့်စားသောက်ကုန်ပစ္စည်း များကို လေ့လာကြည့်ရှုစစ်ဆေးပြီးနောက် အစည်း အဝေးခန်းမတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း က ပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းအင်အား ၂၇၀ ဖြင့် သိပ္ပံ ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုပင်မမောင်းနှင်အားဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်း ၊ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှု များ၊ အီလက်ထရွန်နစ်နည်းပညာနှင့် ဓာတု နည်းပညာများအသုံးပြု၍ သုတေသနလုပ်ငန်း ဆောင်ရွက်မှု ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များကိုပြည်ပနိုင်ငံများနှင့် ဆက်သွယ်ချိတ်ဆက် လုပ်ဆောင်နေမှုများ၊ ဓာတ်ခွဲတိုင်းတာခြင်းဝန်ဆောင် မှုလုပ်ငန်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေရှာဖွေပေးနေမှုများနှင့် ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ဇော်မင်းနိုင်က နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေသော Solar Roof Top နှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များသို့
နည်းပညာလွှဲပြောင်းပေးမည့် လုပ်ငန်းစဉ်များနှင့် မူပိုင်ခွင့်အခြေအနေ၊ မြို့တော်စည်ပင်စွန့်ပစ်အမှိုက် များနှင့် ဇီဝမြေသြဇာထုတ်လုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကဏ္ဍ အလိုက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကာ Pressure ၊ Volumetric ၊ Mass ၊ Dimen- sional ၊ Temperature ၊ Electrical ဓာတ်ခွဲခန်းများနှင့် National Analytical ဓာတ်ခွဲခန်းများကို ကြည့်ရှု စစ်ဆေးရာ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုး လွင်နှင့် ဒေါက်တာထွန်းထွန်းမိုးတို့က ရှင်းလင်းပြသ သည်။
ဆန်းကျော်ဦး(ပြန် /ဆက်)