သုံးပွင့်ဆိုင်သံတမန်များ မြောက်ကိုရီးယားနျူကလီးယား ကင်းစင်ရေးအတွက် အနီးကပ်ပူးပေါင်းလုပ်ဆောင်သွားမည်

 

တိုကျို   ဖေဖော်ဝါရီ   ၂ 


ဂျပန်၊  အမေရိကန်ပြည်ထောင်စု နှင့်       တောင်ကိုရီးယားနိုင်ငံတို့ မှ       အဆင့်မြင့်သံတမန်များက မြောက်ကိုရီးယား  နျူကလီးယား ကင်းစင်ရေးအတွက်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏    ဆုံးဖြတ် ချက်များနှင့်အညီ   အနီးကပ် ပူးပေါင်း  လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောသည်။ 

 


ဂျပန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး         မိုရီတာကေအို၊ အမေရိကန်         ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး      ဝမ်ဒီရှာမင်န်နှင့် တောင်ကိုရီးယား ပထမ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး    ချွိုင်ဂျွန်ကန်တို့တစ်ဦးနှင့်တစ်ဦးဖုန်းဖြင့်     ဖေဖော်ဝါရီ ၂ ရက်က   တစ်နာရီခန့်   ပြောဆို ဆွေးနွေးခဲ့သည်။ 

 


၎င်းတို့သည် မြောက်ကိုရီးယား နိုင်ငံနှင့်  ပတ်သက်ပြီး အမြင်ချင်း     ဖလှယ်ခဲ့ကြသည်။    ထို့အပြင်  မြောက်ကိုရီးယားနိုင်ငံ၏    ဒုံး ကျည် စမ်းသပ်ပစ်လွှတ်မှုများနှင့်  နျူကလီးယား အကောင်အထည် ဖော်    ဆောင်ရွက်မှုများအပေါ်  စိုးရိမ်ကြောင်း အမြင်ချင်း   မျှဝေ ခဲ့ကြသည်။၎င်းတို့သည် ဒေသတွင်း  ခြိမ်းခြောက်   ဟန့်တားမှုများကို    ပူးပေါင်းဆောင်ရွက်  ဖြေရှင်းရန် လည်း  သဘောတူခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်    မြောက် ကိုရီးယားအရေး    ဖော်ပြခဲ့ပြီး   ပြုံယမ်းကို   နျူကလီးယား လုံးဝ ကင်းစင်သွားရန်   သံတမန်ရေး ဆိုင်ရာ  ကြိုးစားလုပ်ဆောင်သွား ရန်လည်း အပူတပြင်း လုပ်ဆောင် လျက်ရှိသည်။ ထို့အပြင် သုံးဦးဆိုင်   သံတမန်များသည် ယူကရိန်းအရေး နှင့်   ကိုရိုနာဗိုင်းရပ်စ်အရေးများ ကိုလည်း    ဆွေးနွေးခဲ့ကြပြီး ချောမွေ့သော   ဆက်ဆံရေးကို ထိန်းသိမ်းသွားရန်လည်း  အတည် ပြုခဲ့သည်။      

အင်န်အိတ်ချ်ကေ