
သုံးခွ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လွှမ်းခြုံမှု အပြည့်အဝ ရရှိစေရန်အတွက် စုရပ်နေရာများ၌ ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းအပြင် လူစည် ကားရာ လမ်းဆုံလမ်းခွနေရာများ သို့ လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရွေ့လျား ထိုးနှံပေးခြင်းအစီအစဉ်ကို ဒီဇင် ဘာ ၁၆ ရက်က ဆောင်ရွက်သည်။
ကာကွယ်ဆေး ရွေ့လျားထိုးနှံ ပေးခြင်းတွင် သုံးခွမြို့အထွက် လက်ပန်နန်းခလဲ ကျေးရွာသွား လမ်း၊ သုံးခွမြို့အထွက် ခရမ်း မြို့ဘက်သွားသည့် အမှတ်(၉) ရပ်ကွက်လမ်းဆုံ၊ အမှတ် ၁၂ ရပ်ကွက် အောက်ကျင်းပိုင်း နေရာတို့၌ အဖွဲ့သုံးဖွဲ့ဖြင့် လှည့် လည်၍ ကာကွယ်ဆေးမထိုးနှံ ရသေးသော အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ထိုးနှံ ပေးရာ လူဦးရေ ၃၀၀ ကို ထိုးနှံ ပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မတီဝင်များ၊ ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ ကြက် ခြေနီ သူနာပြုတပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များက အဖွဲ့ သုံးဖွဲ့ ခွဲကာ ပါဝင်ဆောင်ရွက်ကြောင်း သိရသည်။
ကျော်ဆန်း