
သုံးခွ ဇန်နဝါရီ ၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီး သုံးခွမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်း သား/ ဥပဒေအရ နိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ရရှိ ထုတ်ပေးနိုင်ရေးအတွက် မုတ္တမ ပင်လယ်ကွေ့ ကမ်းနီးဒေသဖြစ် သော သာသာမြိုင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ဇန်နဝါရီ ၁ ရက်က နိုင်ငံသားစိစစ် ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေးသည်။
အခမ်းအနားတွင် သုံးခွ မြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးဌေးအောင်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အကြောင်း၊ ပန်းခင်းစီမံချက် အကြောင်း၊ ရှင်းလင်း ပြောကြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ပတ်သက်၍ ဆောင်ရွက် ပေးမည့် လုပ်ငန်းများကို ပြည်သူ များ ကျယ်ပြန့်စွာ သိရှိနိုင်ရေး အတွက်သိသင့်သိထိုက်သည်များပါရှိသော “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” လက်ကမ်းစာစောင်များ ဖြန့်ပေး ဝေခဲ့ပြီး၊ အသက် ၁၆နှစ်မှ ၁၈နှစ် ကြား၊ အမျိုးသား ၁၉ဦး၊ အမျိုး သမီး၂၇ဦး၊ အသက် ၁၈နှစ်ပြည့် ပြီးသူ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ဦး၊ အသက် ၁၈နှစ် ပြည့် လဲလှယ်အမျိုးသား တစ်ဦး စုစုပေါင်း စုစုပေါင်း ၆၆ ဦးတို့ အား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးသည်။
အလားတူ သမစိတ္တကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် လည်း ဇန်နဝါရီ ၁ ရက် နံနက် ၉နာရီက လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မင်းမင်းသန်းနှင့် ဝန်ထမ်း အဖွဲ့က အသက် ၁၆ နှစ်မှ ၁၈နှစ် ကြား၊ အမျိုးသား ၆၂ ဦး၊ အမျိုး သမီး ၅၆ ဦး၊ အသက် ၁၈ နှစ်ပြည့် ပြီးသူအမျိုးသား ၁၇ ဦး၊ အမျိုး သမီး ၂၂ ဦး စုစုပေါင်း ၁၅၇ ဦးတို့ အား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။
ကိုကျော်သုံးခွ