သုခဒဂုံပြည်သူ့အငှားအိမ်ရာ တိုက်ခန်းငှားရမ်းခွင့်နှင့် အခန်းနေရာများကို မဲစနစ်ဖြင့်ရွေးချယ်မည်

 

ရန်ကုန်   နိုဝင်ဘာ   ၁


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ တိုက်ခန်း ငှားရမ်းခွင့်နှင့် အခန်းနေရာများ အား မဲစနစ်ဖြင့်ရွေးချယ်သွားမည် ဖြစ်ကြောင်း  သုခဒဂုံပြည်သူ့အငှား အိမ်ရာ  အိမ်ခန်းနေရာ   အငှားချ ထားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ သိရသည်။


သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲ ရှိသောပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင် ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန်ကြေညာခဲ့ရာ ပြည်သူ ၅၈၀၅ ဦး၊ အငြိမ်းစားဝန်ထမ်း ၁၇၇၃ ဦး၊ ဝန်ထမ်း ၄၁၉၄ ဦး စုစုပေါင်း ၁၁၇၇၂ ဦး လျှောက်ထားလာ ကြောင်းနှင့် ယင်းလျှောက်လွှာများအနက် အိမ်ရာကြီးကြပ်မှုကော်မတီ နှင့် အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို  စိစစ် ရွေးချယ်ခဲ့ပြီးဖြစ်၍ စိစစ်ရွေးချယ်ထားသူများကို တိုက်ခန်းငှားရမ်းခွင့် ပြုနိုင်ရေးအတွက် တိုက်ခန်းငှားရမ်းခွင့်နှင့် အခန်းနေရာများကို မဲစနစ် ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။


အခန်းငှားရမ်းခွင့်အတွက် စိစစ်ပြီးသော မဲနှိုက်ခွင့်ပြုမည့်လျှောက် ထားသူများစာရင်းနှင့်   မဲနှိုက်ရမည့်ရက်များကို   သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာ ၂ ရက်မှ ၁၂ ရက် အထိ   အသိပေးကြေညာထားမည်ဖြစ်ပြီး   မဲနှိုက်ရမည့်စာရင်းတွင် ပါဝင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင်မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများယူဆောင်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုခ ဒဂုံပြည်သူ့အငှားအိမ်ရာတွင် သတ်မှတ်ထားသည့်တိုက်များအလိုက် သတ်မှတ်ရက်များတွင် မဲနှိုက်သွားမည်ဖြစ်သည်။ တိုက်ခန်းမဲနှိုက်မည့် အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၆၉၉၉၉၈၈၁၄ နှင့် ၀၁-၈၃၇၉၀၆၁ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ သိရသည်။                          

အာကာလင်း