သတင်းထုတ်ပြန်ချက်

 

လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်  Website  များ တွင် ဖြန့်ဝေနေသော   ၅၀  ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်)တန် ငွေစက္ကူများကို ရုပ်သိမ်းကြောင်း၊ တရားဝင်ငွေ အဖြစ်မှ ရပ်စဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ပါသည်။  ပြည်ထောင်စုသမ္မတ  မြန်မာ နိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ (င)အရ “နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရား မဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဟု အတိအလင်း ဖော်ပြ ထားပြီးဖြစ်ပါသည်။ ဤကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန်  သတင်းမှားများ  ဖြန့်ဝေသူများကို   ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တား သော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  သတင်းထုတ်ပြန် အပ်ပါသည်။


    မြန်မာနိုင်ငံတော်ဗဟိုဘဏ်
    (၃၀-၉-၂၀၂၃)