သတင်းနှင့်ဓာတ်ပုံသည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းဓာတ်ပုံ ရိုက်ကူးသူ၏ အတွေးအခေါ်သည်အရေးကြီး

 

နေပြည်တော် စက်တင်ဘာ ၁၆


သတင်းတွင် ဓာတ်ပုံသည် အရေး ကြီးကြောင်း၊ သတင်းနှင့် ဓာတ်ပုံ သည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းတွင် ပါဝင်သည့် အချက် အလက်နှင့်ဓာတ်ပုံတွင် ပါဝင်သည့်      အချက်အလက်သည်    ထင်ဟပ် ပေါ်လွင်စေရန်    သတင်းဓာတ်ပုံ ရိုက်ကူးသူ၏ အတွေးအခေါ်သည်   အရေးကြီးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး   ဦးရဲတင့်က  ​ပြောကြားသည်။

 


ယနေ့     မွန်းလွဲပိုင်းတွင် ကျင်းပသည့်     ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်းသင်တန်း   (၁/ ၂၀၂၂)    သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး က ပြင်ပနည်းပြ   ဓာတ်ပုံပညာ ရှင်များက      ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်း ဘာသာရပ်များ၊ Indoor, Outdoor   လက်တွေ့ ရိုက်ကူးခြင်းတို့ကို သင်ကြားပေးခဲ့ သည့်အပြင်    သတင်းနှင့်စာနယ် ဇင်းလုပ်ငန်း၊ ဦးစီးဌာနနည်းပြများ က    သတင်း၏    အခြေခံဖွဲ့စည်း တည်ဆောက်ပုံ၊    သတင်းနှင့် သတင်းဆောင်းပါးများ   ရေးသား ခြင်း၊ အွန်လိုင်းအသုံးပြု၍ သတင်း များ   ထုတ်ပြန်ခြင်း၊   သတင်း အပြန်အလှန် စီးဆင်းရေး ဘာသာ ရပ်များကို   သင်ကြားပို့ချပေးခဲ့ ကြောင်း။ သင်တန်းသားများအနေ ဖြင့်     ပို့ချလိုက်သည့်    ပညာရပ် အပြင်    ယခုထက်   ဆပွားတိုး၍ တိုးတက်သည့်   နည်းပညာများ ဖြင့်    ပိုပြီးကောင်းမွန်အောင် ရိုက်ကူးတင်ဆက်      နိုင်ရန်နှင့်  သတင်းရေးသား ထုတ်ပြန်သည့် နေရာတွင်လည်း     သတင်းနှင့် ကိုက်ညီသည့် ဓာတ်ပုံကို အနှစ် သာရမြောက်အောင် ရိုက်ကူးနိုင် ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။     


ထို့နောက်    ဒုတိယဝန်ကြီး က သင်တန်းသားခေါင်းဆောင်ထံ   သင်တန်းဆင်း    လက်မှတ်များ     ပေးအပ်သည်။    ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည်  သင်တန်းသားများ ရိုက်ကူး ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို  ကြည့်ရှုကြသည်။

 


ယခုဖွင့်လှစ်ခဲ့သည့် ဓာတ်ပုံ ရိုက်ကူးတည်းဖြတ်နည်း သင်တန်း ကို စက်တင်ဘာ ၆ ရက် မှ ၁၆ ရက်အထိ   ဖွင့်လှစ်သင်ကြားခဲ့ ပြီး နေပြည်တော်ကောင်စီနယ်မြ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ အရာထမ်း၊ အမှု ထမ်း   ၂၀   တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။  

 

သတင်းစဉ်