
ရန်ကုန် နိုဝင်ဘာ ၁၅
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဝန်ထမ်းဟောင်းများ အသင်း အသက်(၈၀)နှစ်အထက် အသင်း ဝင် သက်ကြီး ဝန်ထမ်းဟောင်းများ ပူဇော်ပွဲအတွက် ဦးမောင်မောင် (ဂါဒီယန် ဝန်ထမ်းဟောင်း)- ဒေါ်ဥမ္မာ (ခေတ္တဆစ်ဒနီ)က အလှူငွေကျပ်နှစ်သိန်း၊ ဦးတင် မောင်သန်း (စာတည်းမှူးချုပ်-ငြိမ်း) - ဒေါ်ခင်သက်ဆွေက အလှူ ငွေကျပ် တစ်သိန်း၊ ဦးညီညီ- ဒေါ်တင်တင်နွယ်က အလှူငွေ ကျပ်တစ်သိန်း၊ ဦးစိုးစိုးနိုင် မိသားစု က အလှူငွေကျပ် ငါးသောင်း၊ ဒေါ်မြင့်မြင့်ဦး(ငြိမ်း)က အလှူငွေ ကျပ် ငါးသောင်း၊ ဒေါ်စန်းစန်းမြင့်၊ မန်နေဂျာ (ငွေစာရင်း ၊ ငြိမ်း) က အလှူငွေကျပ်ငါးသောင်း၊ ဦးဝင်း တင်မိသားစုက အလှူငွေကျပ် သုံးသောင်း၊ ဦးခင်မောင်ဝင်း-ဒေါ်ခင်အုန်းမြင့် (ကိုဦးစတိုး)က အလှူငွေကျပ်သုံးသောင်း၊ ဦးကိုကို နိုင်မိသားစုက အလှူငွေကျပ် နှစ်သောင်း၊ ဦးရန်နိုင်လင်း- ဒေါ်လဲ့လဲ့ဝေလွင်ထွန်း မိသားစုက အလှူငွေကျပ် နှစ်သောင်းနှင့် ဦးခိုင်လွင်မိသားစုက အလှူငွေ ကျပ် ငါးထောင် စုစုပေါင်း အလှူ ငွေကျပ် ခြောက်သိန်းငါးသောင်း ငါးထောင်ကို နိုဝင်ဘာ ၁၄ ရက် က အသင်းရုံးခန်းတွင် လှူဒါန်း ပေးအပ်ရာ အသင်းဥက္ကဋ္ဌ ဦးမြင့် ဆွေနှင့် အမှုဆောင်များက လက်ခံရယူသည်။
သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေဖြစ်စေ၊ အလှူပစ္စည်း ဖြစ်စေ လှူဒါန်းပူဇော်လိုပါ က ဥက္ကဋ္ဌ ဦးမြင့်ဆွေ (ဖုန်း-၀၉၇၈၅၄၂၀၉၃၀)၊ အတွင်းရေး မှူး ဦးထွန်းလင်းအောင်(ဖုန်း - ၀၉၅၀၀၆၄၇၈) နှင့် တွဲဖက် အတွင်းရေးမှူး ဦးအေးသန်း(ဖုန်း- ၀၉၇၉၅၂၇၃၅၅၇၊ K-pay)သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
အေးသန်း
(စိန်တုံးကြီး)