သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်  ပြည်သူများ သတင်းအချက်အလက်မှန်ကန်စွာရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ ၁၀


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင်  ရန်ကုန် မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲနှင့်   ကျောက်တံတားမြို့နယ်  ပန်းဆိုး တန်းလမ်းရှိ ပညာ့အလင်း ခေတ်မီစာကြည့်တိုက်များကို သွားရောက်စစ်ဆေး၍ သတင်းမီဒီယာလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူများ သတင်းအချက်အလက် မှန်ကန်စွာရရှိရေးအတွက်  နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။


ရှေးဦးစွာ         ပြည်ထောင်စုဝန်ကြီးသည်      ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ          မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့  သွားရောက်ကြည့်ရှုစစ်ဆးပြီး     ယနေ့အချိန်အခါတွင်  နိုင်ငံတော်ကို    ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဖြင့်  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊         ထိုသို့ ဆောင်ရွက်ရာတွင်     မသမာသူ အဖျက်သမားအချို့က  နည်းလမ်း အမျိုးမျိုးဖြင့်  နှောင့်ယှက်ဟန့် တား    ဆောင်ရွက်လျက်ရှိကြပါ ကြောင်း၊  အထူးသဖြင့်  သတင်းမီဒီယာအချို့က   မီဒီယာပလက်ဖောင်းအမျိုးမျိုးကို     အသုံးပြု ၍    သတင်းတု၊   သတင်းမှား များ    ထုတ်လွှင့်ကာ  အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်  လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်  ပုံနှိပ်လုပ်ငန်းများ၊  ထုတ်ဝေခြင်း    လုပ်ငန်းများကို  သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း   ခွင့်ပြုပေးလျက်ရှိပါကြောင်း။


ထိုနည်းတူ   သတင်းမီဒီယာလုပ်ငန်းများကိုလည်း     သတင်းမီဒီယာ   ဥပဒေနှင့်အညီ   ကူညီဆောင်ရွက်    ပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာလုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   လိုအပ်သည်များ   ကူညီဆောင်ရွက်ပေးရန်      လိုအပ်သကဲ့သို့         တစ်ဖက်ကလည်း  ကျင့်ဝတ်သိက္ခာ   စောင့်ထိန်းရန် အတွက်    ထိန်းသိမ်းကြပ်မတ်ပေးရန်လည်း  လိုအပ်မည်ဖြစ်ပါ ကြောင်း၊    နိုင်ငံတော်အစိုးရ၏  ဆောင်ရွက်ချက်များ          အပေါ်    အပြုသဘော       ရှုမြင်ရေးသား  ထုတ်လွှင့်မှုများကို   ကြိုဆိုရမည်ဖြစ်သော်လည်း                     အဖျက်သဘော သက်သက်ဖြင့်  သတင်း မှားများ၊     သတင်းအတုများကို  တမင်ဖန်တီး      ထုတ်လွှင့်မှုများ ကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ  ဖော်ထုတ် တားဆီးကြရမည်ဖြစ်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့်  သတင်းတု၊           သတင်းမှား များ    မဖြစ်ပေါ်စေရေးအတွက်  ဖော်ထုတ်  တားဆီးပေးကြပါရန် နှင့် ပြည်သူများ   သတင်းအချက် အလက်    မှန်ကန်စွာရရှိစေရေး  နည်းလမ်းပေါင်းစုံဖြင့်    ကြိုးပမ်း ဆောင်ရွက်ပေးကြပါရန်  ဆွေးနွေး မှာကြားသည်။


ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည်   ကျောက်တံတားမြို့နယ်    ပန်းဆိုးတန်းလမ်းရှိ  ပညာ့အလင်း    ခေတ်မီစာကြည့်တိုက်၏  စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး    ပြည်သူများ   စာအုပ်စာပေ ဖတ်ရှုသည့်    အလေ့အထများ  ဖြစ်ပေါ်လာရေးနှင့်   မှန်ကန်သည့်  သတင်းအချက်အလက်များကို  စာကြည့်တိုက်များမှတစ်ဆင့်  ဖြန့်ဝေပေးနိုင်ရေး      ကြိုးစားဆောင်ရွက်ကြရန်   လိုကြောင်း၊    စာကြည့်တိုက်တိုင်းတွင် သတင်းစာ၊   ဂျာနယ်၊   မဂ္ဂဇင်း စသည့်        စာနယ်ဇင်းများကို  ပြည်သူများ     အလွယ်တကူ      ဖတ်ရှုလေ့လာနိုင်ရန်      စုံလင် အောင်    ထားရှိပေးရမည်ဖြစ်ကြောင်း၊    စာကြည့်တိုက်များ တွင်    ကျောင်းသားလူငယ်များ  ဖတ်ရှုလေ့လာလိုသည့်   စာအုပ် စာစောင်များကို    ထားရှိပေးကြစေလိုကြောင်း၊   လူငယ်များ အတွက်  အသက်မွေးဝမ်းကျောင်း ကို      အထောက်အကူပြုသည့်       စာအုပ်စာစောင်များ၊  လူငယ်များ  စိတ်ဓာတ်မြှင့်တင်ရေးနှင့်   ဖွံ့ဖြိုး တိုးတက်ရေးကို  အထောက်အကူပြုသည့်    စာအုပ်စာစောင်များကို  ဦးစားပေး        ထားရှိပေးစေလိုကြောင်း၊         စာကြည့်တိုက် ဝန်ဆောင်မှု   လုပ်ငန်းများကို  ခေတ်နှင့်အညီ    မြှင့်တင်ဆောင် ရွက်ရမည်ဖြစ်သဖြင့်    Digital Library     Service     ပြောင်းလဲ ဆောင်ရွက်နိုင်ရေးအတွက်   လိုအပ်သည်များကို  ကြိုတင်ပြင်ဆင်  ထားရန်   ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်