
၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသော POSCO INTERNATIONAL Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-3 ဧရိယာတွင် Pre Con-struction Survey လုပ်ငန်းများအား M.V FUGRO EQUATOR ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၂ မိနစ် ၅၂ ဒသမ ၅၄၁၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၅ မိနစ် ၃၈ ဒသမ ၈၀၉၈ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၂ မိနစ် ၅၅ ဒသမ ၀၀၈၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၂ မိနစ် ၄၉ ဒသမ ၃၉၀၅ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၁ မိနစ် ၁၁ ဒသမ ၂၅၅၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၅ မိနစ် ၄၃ ဒသမ ၃၉၀၉ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၁ မိနစ် ၁၃ ဒသမ ၆၇၄၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၂ မိနစ် ၅၁ ဒသမ ၆၈၁၂ စက္ကန့်တို့အတွင်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်းကို ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားခဲ့သော်လည်း အဆိုပါနေ့ရက် များတွင် လုပ်ငန်းများမပြီးပြတ်သေးပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-3 ဧရိယာတွင် SHWE Phase 4 Development Project အရ Pre Construction Survey လုပ်ငန်းများအား M.V FUGRO EQUATOR ဖြင့် လုပ်ငန်း များ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာ များမှ (၄) ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီး ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန