သထုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး

 

သထုံ   ဩဂုတ်    ၃၀


မွန်ပြည်နယ် သထုံမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက  ကတိုက်ကလေးကျေးရွာတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့်  ကျေးရွာနေပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကို ဩဂုတ်လနောက်ဆုံးပတ်တွင် ထုတ်ချေးပေးသည်။

 


 ထိုသို့ထုတ်ချေးပေးရာတွင်  ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူး ဦးမိုးဝင်းနှင့်အဖွဲ့က စာရင်းဇယားများ မှန်ကန်မှု ရှိစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊  မြစိမ်းရောင် စီမံကိန်းအသင်းသား ၉၆ ဦးရှိပြီး အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။


မိုးဝင်း(ကျေးလက်)