သထုံမြို့မှ ပဲခူး - မြို့ဟောင်းခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထားကို KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅


KNLA အဖွဲ့မှ   အကြမ်းဖက်မှုကို  လိုလားသူများနှင့် PDF      အမည်ခံ      အကြမ်းဖက်သမားများက အများပြည်သူ  အသုံးပြုလျက်ရှိသည့်   ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ  လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မွန်ပြည်နယ် သထုံမြို့မှ   အိမ်ဆောက်ပစ္စည်းများ  တင်ဆောင်လာ သည့်    သထုံ - ပဲခူး -  မြို့ဟောင်း  ခရီးစဉ်အဖြစ် ထွက်ခွာလာသည့်  အမှတ် (၂၇၂) အစုန် ကုန်ရထား တွဲဆိုင်းသည်   သထုံမြို့နယ်   သိမ်ဆိပ်နှင့် ဒုံဝန်း အကြား   မီးရထားလမ်း    မိုင်တိုင်(၁၂၄/၉-၁၀)သို့ အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလား သူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အဝေးထိန်းခလုတ်ဖြင့်  မိုင်းတစ်လုံး ဖောက်ခွဲခဲ့မှု ကြောင့်     ကုန်ရထားတွဲ  ၁၀  တွဲ     လမ်းချော် တိမ်းမှောက်ခဲ့သည်။

 


ထိုသို့    မိုင်းထောင်ဖောက်ခွဲမှုကြောင့်  ၎င်းတွဲဆိုင်း များပေါ်တွင်    တင်ဆောင်ထားသည့်    အိမ်ဆောက် ပစ္စည်းများ   ပျက်စီးဆုံးရှုံးခဲ့ပြီး    ရထားသံလမ်း ၂၂ ချောင်း၊   ကွန်ကရစ်ဇလီဖားတုံး  ၁၈၀ ၊   သစ်သား ဇလီဖားတုံး ၃၀ ၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံး ခဲ့ကြောင်းနှင့် ရန်ကုန်နှင့်  မော်လမြိုင်တို့မှ ထွက်ခွာ မည့် အမြန်ရထား ခရီးစဉ်ခြောက်ခုတို့ကို  ဖျက်သိမ်း ခဲ့ရသဖြင့် ခရီးသွားပြည်သူ ၄၅၀၀ ခန့်   အခက်အခဲ ကြုံတွေ့ခဲ့ရသည်။

 


အဆိုပါ  KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့်  PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲမှုကြောင့်    မီးရထားသံလမ်းများ ပျက်စီးခဲ့ရသည့်အတွက်    မီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ်ပြေးဆွဲနိုင်ရေးအတွက်     မြန်မာ့ မီးရထားမှ တာဝန်ရှိသူများက   လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အတူ  ပြန်လည်ပြုပြင်မှုများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့်    အများ ပြည်သူ    အသုံးပြုလျက်ရှိသည့်   ဆက်သွယ်ရေး လမ်းကြောင်းများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သော KNLA အဖွဲ့မှ အကြမ်းဖက်မှုကို  လိုလားသူများနှင့်  PDF အမည်ခံ    အကြမ်းဖက်သမားများကို    အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း   သိရှိရ သည်။

 


ထိုသို့ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလား သူများနှင့် PDF   အမည်ခံ  အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ   လုပ်ဆောင် လျက်ရှိရာ ယနေ့ထိ မီးရထားလမ်းများကို  မိုင်းခွဲ ဖျက်ဆီးခြင်း    စုစုပေါင်း ၁၀၂ ကြိမ်၊    မီးရထား လမ်းတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း  ၃၄ ကြိမ်နှင့် မီးရထားဘူတာများအား မီးရှို့ဖျက်ဆီး ခြင်း စုစုပေါင်းကိုးကြိမ်  ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အများပြည်သူ    အသုံးပြုလျက်ရှိသည့်    ခရီးသည် ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ် များ၊   ရထားလမ်းများ၊ တံတားများ၊ ဘူတာများကို ယုတ်မာရက်စက်စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခြင်း၊    မီးရှို့ဖျက်ဆီးခြင်း   စသည့်   အကြမ်းဖက် လုပ်ရပ်များ    လုပ်ဆောင်ခဲ့ကြသည့်   KNLA အဖွဲ့မှ အကြမ်းဖက်မှုကို  လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား   ပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ     ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်