
သထုံ အောက်တိုဘာ ၂၃
မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ မြို့နယ်များအတွင်း အရေးပေါ် အောက်ဆီဂျင်ရရှိရေး အထောက် အကူပြုနိုင်ရန်အတွက် သထုံမြို့ ရှိ အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်းက အများပြည်သူ ထည့် ဝင်လှူဒါန်းမှုဖြင့် တည်ဆောက် ထားသည့် အောက်ဆီဂျင်စက်ရုံ သစ်မှာ ရာနှုန်းပြည့်နီးပါး ပြီးစီး နေပြီဖြစ်၍ စမ်းသပ်လည်ပတ် လျက်ရှိသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ မှာ အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်း၏ ဒုတိယမြောက်စက်ရုံ ဖြစ်ပြီး ၂၄ နာရီ စက်စွမ်းအားပြည့် လည်ပတ်ပါက လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၃၂၀ ထုတ် လုပ်နိုင်မည် ဖြစ်ကြောင်းနှင့် အရေးပေါ်အောက်ဆီဂျင် လိုအပ် သူ မည်သူကိုမဆို အခမဲ့ ဖြန့်ဝေ ပေးမည်ဖြစ်ကြောင်း သိရသည်။
အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ ကူညီရေး အသင်းတွင် ယခင်က တစ်ရက် လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုးပေါင်း ၃၀ ခန့် ထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံဟောင်းရှိပြီး ယင်းစက်ရုံမှ နေ့စဉ် အောက်ဆီ ဂျင်ထုတ်လုပ်ဖြန့်ဝေပေးနေသော် လည်း ကိုဗစ်-၁၉ ကာလတွင် လိုအပ်မှုပမာဏ ပိုမိုများပြား လာ၍ ယခု စက်ရုံအသစ်ကို ထပ်မံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သထုံ ခရိုင်အတွင်းရှိ လူမှုကူညီရေး အသင်းများ၊ ပြည်သူ့ဆေးရုံများ၊ အနီးဝန်းကျင်ဒေသများရှိ ပြည်သူ့ ဆေးရုံများ၊ ရပ်ရွာအတွင်းရှိ ပရဟိတအဖွဲ့များနှင့် အောက်ဆီဂျင် လိုအပ်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရ သည်။
ကိုကိုဦး(ပြန်/ဆက်)