သထုံခရိုင်အတွင်း ငွေကျပ် သန်း ၉၀၀ ကျော်ဖြင့် ကုန်ထုတ်လမ်း၊ ကုန်ထုတ်တံတားနှင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်မည်

 

သထုံ   ဒီဇင်ဘာ   ၁၈


မွန်ပြည်နယ်   သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် မီနီဘတ်ဂျက်ကာလ ပြည်ထောင်စုနှင့် ပြည်နယ် ခွင့်ပြုရန်ပုံ ငွေကျပ် ၉၂၂ ဒသမ ၅၃၂ သန်းဖြင့် ကုန်ထုတ်လမ်း  ၁၁ လမ်း၊ ကုန်ထုတ်တံတား ၁၀ စင်းနှင့် ရေပေးရေးလုပ်ငန်း ၁၂ ခုတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 


ယင်းလုပ်ငန်းများမှာ   ကျိုက်ထိုမြို့နယ်တွင် ကုန်ထုတ်လမ်း  တစ်လမ်း၊ မြောင်းကူး တံတားနှစ်စင်း၊ ရေပေးရေးလုပ်ငန်း နှစ်ခု၊ ဘီးလင်းမြို့နယ်တွင် ကုန်ထုတ်လမ်း လေးလမ်း၊ ရေပေးရေးလုပ်ငန်းလေးခု၊ သထုံမြို့နယ်တွင် ကုန်ထုတ်လမ်း တစ်လမ်း၊ ကုန်ထုတ်တံတား တစ်စင်း၊ မြောင်းကူးတံတား   တစ်စင်း၊   ရေပေးရေးလုပ်ငန်း နှစ်ခု၊ ပေါင်မြို့နယ်တွင် ကုန်ထုတ်လမ်း ငါးလမ်း၊ ကုန်ထုတ်တံတား ငါးစင်း၊ မြောင်းကူးတံတား တစ်စင်း၊ ရေပေးရေး လုပ်ငန်း လေးခုတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ 

 


ယင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်တွင် တင်ဒါအောင်ကုမ္ပဏီများ က စတင်ဆောင်ရွက်နေပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                           

 

မိုးဝင်း(ကျေးလက်)