သထုံ၊ မုဒုံနှင့် ရေးမြို့နယ်တို့တွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်ထား

 

နေပြည်တော်  ​အောက်တိုဘာ  ၇


ပြည်နယ်အတွင်းရှိ   သထုံမြို့နယ် မုဒုံမြို့နယ်နှင့်  ရေးမြို့နယ်တို့တွင် လူငယ်      သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု   သက်မွေး ပညာ    သင်တန်းကျောင်းများကို ဖွင့်လှစ်ပြီး အမျိုးသမီးများအတွက် အဆင့်မြင့် အိမ်တွင်းမှု  စက်ချုပ် သင်တန်းများအပြင်         သိုးမွေး စက်ဆွဲသင်တန်း၊         ကနုကမာ ကျောက်စီသင်တန်း၊       ပန်းချီ သင်တန်း၊  အခြေခံ လက်ရက်ကန်း သင်တန်း၊       ဟင်းလျာချက်ပြုတ် နည်းသင်တန်းများကို   ဖွင့်လှစ် သင်ကြား​ပေးလျက်ရှိရာ   ယ​နေ့ အထိ        သင်တန်းကျောင်းမှ သင်တန်းသူ ၂၃၉၂ ဦးကို သင်ကြား မွေးထုတ်​ပေးနိုင်ခဲ့ကြောင်း   မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းက ပြောကြားသည်။

 


မုဒုံမြို့နယ် ကွမ်တာ​ကျေးရွာ အမျိုးသမီးအိမ်တွင်းမှု   သက်မွေး ပညာ သင်တန်းကျောင်း၌ ပြုလုပ် သည့်        အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း  အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ  အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍          ပြည်နယ် ဝန်ကြီးချုပ်က  ပြည်နယ်အတွင်းရှိ ပြည်သူအားလုံး  လူမှုစီးပွားဘဝ များ  ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည်    ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး  ကဏ္ဍစုံ၊  ဘက်​ပေါင်းစုံ ဖွံ့ဖြိုး       တိုးတက်စေရေးကိုလည်း အထူးအလေးထား     ဆောင်ရွက် ပေးလျက်ရှိ​ကြောင်း    ပြောကြား သည်။

 


ထို့​နောက်    ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဝန်ကြီးများသည် သင်တန်း တွင်    ထူးချွန်ဆုရရှိကြသူများကို ဆုများချီးမြှင့်ကြပြီး    သင်တန်း သူများ   ဖန်တီးပြုလုပ်ထားသည့် ရိုးရာလက်မှုပစ္စည်းများ၊ သက်​​မွေး ပညာပစ္စည်းများကို   အားပေး ကြည့်ရှုကြသည်။

 


မုဒုံမြို့နယ်    အမျိုးသမီး အိမ်တွင်းမှု    သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို  ၂၀၀၅ ခုနှစ်   မေ ၁၆ ရက်က   စတင် ဖွစ်လှစ်ခဲ့ပြီး  အခြေခံအိမ်တွင်းမှု သင်တန်း      တက်ရောက်ပြီးသူ ၁၆၈၂ ဦး၊    အဆင့်မြင့်စက်ချုပ် သင်တန်း     တက်ရောက်ပြီးသူ ၄၄၆ ဦး၊    ကြိမ်/ဝါးသင်တန်း တက်ရောက်ပြီးသူ        ၃၇   ဦး၊ ဟင်းလျာသင်တန်း တက်ရောက် ပြီးသူ ကိုးဦး၊  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း  တက်ရောက် ပြီးသူ  ၁၄၄ ဦးနှင့်    မွန်ရိုးရာ လက်ရက်ကန်းသင်တန်း  တက် ရောက်ပြီးသူ ၇၄ ဦး    စုစုပေါင်း သင်တန်းသူ ၂၃၉၂ ဦး   သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း   သိရ သည်။


သတင်းစဉ်