သံတွဲမြို့နယ် ငပလီကမ်းခြေ၌ သဲပုံစေတီပွဲတော်ကျင်းပ

 

သံတွဲ   မတ်    ၇


ရခိုင်ပြည်နယ်  သံတွဲမြို့နယ်၌ မြန်မာ့ယဉ်ကျေးမှု  ဓလေ့တစ်ခုဖြစ်သည့် တပေါင်းလ သဲပုံစေတီပွဲတော်ကို ယမန်နေ့ ညနေပိုင်းက ငပလီကမ်းခြေ Public Area တွင် ကျင်းပသည်။

 


ရှေးဦးစွာ   သဲပုံစေတီပွဲတော်ကို   နမောတဿ   သုံးကြိမ်ရွက်ဆို ဘုရားကန်တော့ပြီး ရခိုင်မင်္ဂလာစည်တော်တီး၍ ဖွင်လှစ်ပေးကြသည်။ ယခုကျင်းပသည့်  သဲပုံစေတီပွဲတော်တွင်  ပြိုင်ပွဲဝင်အသင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အပြင် လာရောက်ကုသိုယ်ယူ တည်ထား ပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အဆိုပါ  သဲပုံစေတီပွဲတော်ကို  စင်တော်ကောက်ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးသိန်းရွှေ မိသားစုက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး  ပြိုင်ပွဲဝင်များကို ဆုများ ချီးမြှင့်ပေးသည့်အပြင် ပွဲတော်လာ ဧည့်ပရိသတ်များကိုလည်း စတုဒိသာဧည့်ခံခဲ့ကြောင်း သိရသည်။                 

 

ခရိုင်(ပြန်/ဆက်)