
နေပြည်တော် မေ ၁၅
ရခိုင်ပြည်နယ် သံတွဲမြို့နယ် လင်းသီကျေးရွာကို မေ ၁၄ ရက် က လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ကလေးငယ်နှစ်ဦး အပါ အဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရ သည်ဟု တစ်ဖက်သတ်စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူ များ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ သံတွဲမြို့နယ် ရွှေလှေကျေးရွာအနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက သံတွဲ မြို့နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြား စေရန်အတွက် ဒေသခံပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာ များအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လူမှု ကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ် အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှား စေရန် မဟုတ်မမှန်လုပ်ကြံ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်