သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရောဆောင်ရွက်

 

နေပြည်တော်   ဇွန်   ၂၅


မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပ သောမြို့၊ ရွာ   Clean city၊   Clean Village  များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတ မည်ဖြစ်သည့်အတွက် မိမိဒေသ၊  မိမိမြို့ရွာ သန့်ရှင်း သာယာရေးကို    ဒေသခံများ၊    ဒေသတွင်   တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် စည်ပင်သာယာရေးမှ တာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်သည်။

 


ယခုအချိန်အခါတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊    ဒေသခံပြည်သူများ အားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်း မိမိတို့၏ မြို့၊  ရွာဒေသ များ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိကြသည်။

 


ထိုသို့    ဆောင်ရွက်လျက်ရှိရာ     ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ် ရှစ်မြို့နယ်တို့၌လည်းကောင်း၊ ကချင်ပြည်နယ်    မြစ်ကြီးနားမြို့နယ်  အပါအဝင် မြို့နယ် ငါးမြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)   နမ့်စန်မြို့၌   လည်းကောင်း၊   ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အပါအဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌   လည်းကောင်း၊  မွန် ပြည်နယ် မော်လမြိုင်မြို့နှင့် သထုံမြို့တို့၌ လည်း ကောင်း၊     တနင်္သာရီတိုင်းဒေသကြီး     မြိတ်မြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး    ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိမြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ  မြို့နယ်ကိုးမြို့နယ်တို့၌  လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌   လည်းကောင်း၊    ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင်    မြို့နယ်   ၁၄  မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အပါ အဝင် မြို့နယ်သုံးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီး    ပြည်ကြီးတံခွန်မြို့နယ်အပါအဝင်  မြို့နယ် ခုနစ် မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဘုရား၊ စေတီ ပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ အခြေခံ ပညာကျောင်းများ၊  တက္ကသိုလ်များ၊  ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌     ဒေသခံပြည်သူများ၊    အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊      စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊        ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊  တပ်မတော်သားများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊      ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက   လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ      ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။                    

သတင်းစဉ်