သနပ်ပင်မြို့ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံမြို့မိမြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

 

သနပ်ပင်   ဇန်နဝါရီ     ၇


သနပ်ပင်မြို့သည်     ဝင်ငွေခွန် နည်းပါးသည့် မြို့တစ်မြို့ဖြစ်၍ မြို့တွင်းလမ်းများကို  လမ်းပိုင်း အလိုက်   အဆင့်မြှင့်တင်ပေးနိုင် ရေးအပြင် အခြားမြို့တွင်းစည်ပင် သာယာရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သီးခြားထောက်ပံ့ငွေဖြင့်    ဆောင်ရွက် ပေးလျက်ရှိကြောင်း   ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက သနပ်ပင်မြို့ ဖွံ့ဖြိုးတိုးတက် စေရေး    ဒေသခံမြို့မိမြို့ဖများ၊  မြို့နယ်အဆင့်    ဌာနဆိုင်ရာများ နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   သနပ်ပင်မြို့ သည် (သီလဝါ -သန်လျင်- ခရမ်း- သနပ်ပင် - ပဲခူး)လမ်း ဖြတ်သန်း ရာ မြို့တစ်မြို့ဖြစ်ကာ အနာဂတ် တွင်  ကုန်စည်စီးဆင်းမှု၌ အရေး ပါသည့်  နေရာတစ်ခု    ဖြစ်လာ မည်ဖြစ်၍        ယခုကတည်းက ဆောင်ရွက်စရာ   ရှိသည်များကို အဆင့်မြှင့်တင်    ဆောင်ရွက်ပေး လျက်ရှိကြောင်း      ပြောကြား သည်။

 


ထို့နောက်  မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊   မြို့မိမြို့ဖများက သောက်သုံးရေရရှိစေရေး၊   မြို့ တွင်းလမ်းနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို တင်ပြ ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းပေးသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   သနပ်ပင်မြို့ တွင်း   ရေနုတ်မြောင်းများ ကြည့်ရှု စစ်ဆေးပြီး     လမ်းပိုင်းအလိုက်   ကွန်ကရစ်လမ်းနှင့်     ရေနုတ်များ တူးဖော်သွားရန်     တာဝန်ရှိသူ များအား မှာကြားသည်။  


သတင်းစဉ်