သန်လျင်မြို့နယ်၌ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်   ဒီဇင်ဘာ   ၂၅ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင် ရွက်ခြင်းကို   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး(သန်လျင်)မှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးကြသည်။ 

 


ကွင်းဆင်းဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲကို ရတနာရှင်းသန့်ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  လူမှုရေးဝန်ကြီး     ဦးအောင်ဝင်းသိန်းက    အမှာစကားပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လူမှုရေးဝန်ကြီး၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးနေဝင်းအောင်နှင့်  တာဝန်ရှိသူများက  ပေးအပ်ကြောင်း သိရသည်။                                           

သန်းဝင်း(သန်လျင်)