
သန်လျင် အောက်တိုဘာ ၆
သန်လျင်မြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်များမှ သီလရှင် ဆရာကြီး၊ ဆရာလေးအပါး ၂၅၀၀ တို့အား ပရိယတ္တိတံခွန်စာမေးပွဲ အထောက်အကူပြုကော်မတီနှင့် အလှူရှင်များစုပေါင်း၍ ဆွမ်းဆန် တော်၊ ဆီများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကြ သည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာရေစက်ချတရား နာယူကြသည်။
ထို့နောက် သန်လျင်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းတိုက် အသီးသီးမှ ကြွရောက်တော်မူလာကြသော သီလရှင် ဆရာကြီး၊ ဆရာ လေး အပါး ၂၅၀၀ တို့အား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)