
နေပြည်တော် ဩဂုတ် ၁၅
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေ ကျော်ခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင် မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ