
နေပြည်တော် ဖေဖော်ဝါရီ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ လက်ငင်းဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီး မှူးများက သက်ဆိုင်ရာဒေသများမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
တိကျမှန်ကန်သည့် လူဦးရေစာရင်းကိုပြုစုမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေ ဖြင့် e-ID Dtaabase ရှိစာရင်းများကို အခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် လက်ရှိအသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက် အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပထမ အကြိမ်ပေးပို့ထားပြီး ဆက်လက်၍လည်း သတ်မှတ် ချက်များနှင့်အညီ အတည်ပြုပေးပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနက တာဝန်ယူ၍ ဌာနဆိုင်ရာများ၏ ပူးပေါင်း ကူညီမှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း စီမံချက်များအတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ယခုနှစ်ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်း ကိုထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း မှရရှိသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်း ကောက်ယူရာမှပြုစုထားသည့် လူဦးရေစာရင်းကို နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့် လူဦးရေစာရင်း ကို ပြုစုမည်ဖြစ်သည့်အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင် ရေးအတွက်လည်း ဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီး ဌာနက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်အရ ဌာနနှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လည်း သက်ဆိုင်ရာနည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ အဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
စနစ်တကျထိန်းသိမ်းကိုင်တွယ်ကြရန်
မိမိတို့ဝန်ကြီးဌာနသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်များကို ကိုင်တွယ်ထိန်းသိမ်း ဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ စာရွက် စာတမ်းမှတ်တမ်းမှတ်ရာများ လုံခြုံမှုရှိစေရေး အတွက် စနစ်တကျထိန်းသိမ်းကိုင်တွယ်ကြရန်နှင့် ဝန်ထမ်းအားလုံး လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိရန်လိုအပ်ကြောင်း၊ ယခုလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏အနာဂတ်အတွက် လက်ငင်းဦးစားပေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ဝန်ထမ်း တိုင်းက လုပ်ငန်းစဉ်များ၏ အတိမ်အနက်နှင့် အရေး ပါမှု၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်နည်းလမ်း၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးမည့်အခြေ အနေ စသည်တို့ကို သိရှိနားလည်ပြီး အချင်းချင်း အပြန်အလှန် လေးစားယုံကြည်ကာ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူး များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပန်းခင်း စီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေမှု၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး အတွက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်းအပေါ် ဌာနမှ ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ ပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်