
နေပြည်တော် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီးသို့ လေ့လာရေးခရီး ရောက်ရှိ နေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) မှ သင်တန်းသား သင်တန်းသူများအား သင်တန်းကာလနှင့် လေ့လာ ရေးခရီးစဉ်များပြီးမြောက်၍ တပ်မတော်လေယာဉ်/ မော်တော်ယာဉ်တို့ဖြင့် သက်ဆိုင်ရာမြို့နယ်အသီးသီး သို့ ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများက ကြိုဆိုကြသည်။
ဆက်လက်၍ သက်ဆိုင်ရာ သင်တန်းစခန်း အသီးသီးရှိ တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများကို မိဘအုပ်ထိန်းသူများထံ စနစ် တကျ ပြန်လည်အပ်နှံခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်