
နေပြည်တော် နိုဝင်ဘာ ၈
သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးနှင့် ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ပေးရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မိမိတို့ဝန်ကြီး ဌာနသည် မိဘမဲ့နှင့် စွန့်ပစ် ကလေးသူငယ်များ၊ တရားရင်ဆိုင် ဆဲနှင့် ပြစ်ဒဏ်ကျ ကလေးသူငယ် များ၊ လမ်းပေါ်နေ ကလေးသူငယ် များအတွက် သင်တန်းကျောင်း များ ဖွင့်လှစ်၍ စောင့်ရှောက် လျက်ရှိပါကြောင်း၊ အဆိုပါ ကလေးသူငယ်များ အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ကောင်းဖြစ်စေရန် အထူးအလေး ထား၍ ပံ့ပိုးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။ (အပေါ်ပုံ)
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကလေး သူငယ်များအတွက် လိုအပ်ချက် အပေါ် အဖြေရှာ၍ လိုက်ဖက် သင့်တော်သည့် သက်မွေးပညာရပ် များ သင်ကြားပေးနိုင်ရေး စောစီး စွာ စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ် ပါကြောင်း၊ နောက်ဆက်တွဲ စောင့်ကြပ်ကြည့်ရှုမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
ယင်းနောက် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက မူကြမ်း ရေးဆွဲထားရှိသည့် သင်တန်း ကျောင်းများတွင် ကာကွယ်စောင့် ရှောက်ထားသော ဌာနပိုင်ကလေး သူငယ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဝရပ်တည် ရေးအတွက် ဆောင်ရွက်ပေးရေး စီမံချက်နှင့် ဆောင်ရွက်ချက်များ အပေါ် တိုင်းတာနိုင်မည့် အညွှန်း ကိန်းများ၊ အကဲဖြတ် မှတ်တမ်း များရေးဆွဲ ထားရှိမှုတို့ကို လည်း ကောင်း၊ အမျိုးသမီးသင်တန်း ကျောင်းများ၏ ရည်ရွယ်ချက်များ ပြင်ဆင်ရေးဆွဲ ထားရှိမှုများကို လည်းကောင်း၊ ကလေးသူငယ် များအတွက် လုံခြုံစိတ်ချရပြီး ဘဝအာမခံချက်ရှိသည့် အလုပ် အကိုင် နေရာချထားပေးမှုများ အတွက် ဆောင်ရွက်ရန် ကိစ္စများ ကိုလည်းကောင်း ဆွေးနွေးသည်။
ယင်းနောက် တက်ရောက် လာသူများက သင်တန်းကျောင်း များမှ ကလေးသူငယ်များ အတွက် ဘဝရပ်တည်ရေးစီမံချက် (မူကြမ်း)၊ အညွှန်းကိန်းများ၊ အကဲဖြတ်မှတ်တမ်းများနှင့် အမျိုး သမီးကျောင်းများ၏ ရည်ရွယ်ချက် များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်