သင်တန်းကျောင်းအသီးသီးရှိ အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များနှင့်စပ်လျဉ်း၍ တရားစွဲအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်    ဇူလိုင်    ၁


သင်တန်းကျောင်းအသီးသီးရှိ     အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များနှင့် စပ်လျဉ်း၍     တရားစွဲအဖွဲ့ အစည်းများနှင့်  ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို    ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။


ပြောကြား


အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်      ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အချို့သင်တန်းကျောင်းများတွင် နေရာ၊ ဒေသအနေ အထားအရ    နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များ ဆောင်ရွက်ပေးရာတွင် အခက်အခဲများရှိသော်လည်း အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါကြောင်း။


ယခု ကိုဗစ်-၁၉ ကာလအတွင်း သက်ဆိုင်ရာ တရားရုံးများသို့ ရုံးထုတ်ဆောင်ရွက်နိုင်ခြင်းမရှိသေး သော   အမှုရင်ဆိုင်ဆဲကလေးသူငယ်များအတွက်  တရားရုံးမိန့်များ    အမြန်ဆုံး    ချမှတ်ပေးနိုင်ရန် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။


သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များအလိုက် ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်များ နှင့်စပ်လျဉ်း၍ သင်တန်းကျောင်း သို့မဟုတ် ယာယီ စောင့်ရှောက်ရေးဂေဟာများ   ဖွင့်လှစ်ရန်  ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် ပြဋ္ဌာန်း ထားရှိသော်လည်း   လိုအပ်ချက်အပေါ်   မူတည်၍ လည်းကောင်း၊     ကလေးသူငယ်များအနေဖြင့် အနီးစပ်ဆုံး တရားရုံးများတွင် အမှုရင်ဆိုင်နိုင်ရေး အတွက်   လည်းကောင်း  ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်း အသီးသီးမှ     အမှုရင်ဆိုင်ဆဲ   ကလေးသူငယ်များ အတွက် စီမံချက်ရေးဆွဲ၍ လက်တွေ့ဆောင်ရွက်နိုင် မည့် နည်းလမ်းများကို ဖော်ထုတ်ပြီး ကလေးသူငယ် များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြည့်ဆည်း ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်ရာတွင်    အလွှာပေါင်းစုံ၊  ဘက်ပေါင်းစုံမှ ကလေးသူငယ်များအတွက်       ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊    သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၊ သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံ များ၊ ကျောင်းအုပ်များက  သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ    ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေး သည်။                                              

 သတင်းစဉ်