
ရန်ကုန် အောက်တိုဘာ ၁၈
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီ၊ အလုပ်အမှုဆောင် ကော်မတီ၊ အသင်းဝင်ကုမ္ပဏီများ၏ ပူးတွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/ စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
အဆိုပါပူးတွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲ မင်းအောင်၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူးတို့က ပြည်တွင်းပြည်ပ ဆန်ဈေးနှုန်း နှင့် ဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံအာမခံစနစ်ဖြင့် ချေးငွေ ထုတ်ချေးမည့် အစီအစဉ်များ၊ ဆန်စပါးအထူးပြုကုမ္ပဏီများနှင့် နယ်ဒေသရှိ MSME များ ပူးပေါင်း ဆောင်ရွက်မည့် စပါးဝယ်ယူရေး အတွက် ကာလတိုငွေကြေး ထောက်ပံ့မည့် အစီအစဉ်များ၊ ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် သီးနှံစိုက်ပျိုးရာသီတွင် ချေးငွေအပြည့်အဝ ထုတ်ချေးပေး နိုင်ရေးကိစ္စ၊ ပြည်တွင်း ဆန်စပါး ရောင်းဝယ်မှုအပေါ် ဒေသအလိုက် စီးဝင်စီးထွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ပို့ကုန်အခြေပြု အရန်ဆန်ထားရှိရေး အစီအစဉ်၊ Export ဝင်ငွေများ ပြန်လည် ဝင်ရောက်ရန်အတွက် အလေး ထား ဆောင်ရွက်ရန်ကိစ္စ၊ သင့်တင့် မျှတသည့် ဈေးနှုန်းများဖြင့် စပါး နှင့် ဆန်များကို ရောင်းဝယ်မှုပြုရေး ကိစ္စများ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) ရေကြီးနစ်မြုပ်မှုများ အပေါ် အသင်းချုပ်၊ ညီနောင် အသင်းများနှင့် ကုမ္ပဏီများက ကယ်ဆယ်ရေးအတွက် အလှူငွေ ကျပ်သိန်း ၄၀၀ လှူဒါန်းပြီးစီးမှု၊ ပြန်လည် ထူထောင်ရေးအတွက် တောင်သူများကို ကူညီရန်ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ခန့်နှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး ဆောင် ရွက်မည့်အစီအစဉ်များနှင့် အထွေ ထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တက်ရောက်လာ သည့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် ကုမ္ပဏီ များမှ တာဝန်ရှိသူများက အကြံပြုခြင်း၊ ညှိနှိုင်းခြင်း၊ ဆွေးနွေးမေးမြန်းခြင်း၊ ကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်းတင်ပြ ခြင်းများကို ဆောင်ရွက်ခဲ့ကြ သည်။
CN-033