သင်တန်းဆင်းများအနေဖြင့် ကျွမ်းကျင်မှုအရည်အချင်းပြည့်မီရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးဆောင်ရွက်

နေပြည်တော်    ဒီဇင်ဘာ   ၂၈


အလုပ်သမားဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးယဉ်ထွေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး   ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး      သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ  ပြည်ထောင်စုဝန်ကြီးသည်   ပြည်ပသို့ သွားရောက်မည့်   မြန်မာရွှေ့ပြောင်းလုပ်သားများ အတွက် လုပ်ငန်းခွင်အကြိုသင်တန်းကို အွန်လိုင်းဖြင့် ဖွင့်လှစ်ပို့ချနေမှု၊ ၂၀၂၁-၂၀၂၂ (အောက်တိုဘာလမှ မတ်လထိ) ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်မည့် သင်တန်းများ အတွက် သင်တန်းနေရာနှင့် သင်ထောက်ကူပစ္စည်း များ  ခင်းကျင်းပြင်ဆင်ထားမှု၊    မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုနှင့် သင်တန်းကျောင်းဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး   သင်တန်းကျောင်း အနေဖြင့် သင်တန်းသားများကို ကျွမ်းကျင်မှုစွမ်းရည် ပြည့်ဝစေရေး   လေ့ကျင့်သင်ကြားပေးရန်လိုအပ် ကြောင်းနှင့် သင်တန်းဆင်းများအနေဖြင့် ကျွမ်းကျင် မှု အရည်အချင်းပြည့်မီရေး၊ အလုပ်အကိုင်   အခွင့် အလမ်းရရှိစေရေး ဆောင်ရွက်ပေးရန် မှာကြားသည်။ 


တွေ့ဆုံ


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင် မှုလေ့ကျင့်ရေးသင်တန်းကျောင်း   စုဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးရှိ မြို့ပေါ် ရုံး၊ ဆေးရုံ၊ ဆေးခန်း များမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောက်ဆည်၊ အမရပူရနှင့် ပြင်ဦးလွင်မြို့ရှိရုံး၊   ဆေးခန်းများမှ တာဝန်ခံအရာထမ်းများနှင့် တွေ့ဆုံသည်။ 


တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက   နိုင်ငံ့ ဝန်ထမ်းများသည်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍများတွင် အောင်မြင် အောင်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   ဝန်ထမ်း ဆိုင်ရာဥပဒေ၊   နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာရန်တာဝန် ရှိကြောင်း၊ တာဝန်ခံ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရုံးများ   စနစ်တကျရှိစေရေး   ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  နေထိုင်လုပ်ကိုင် တတ်သည့်  အလေ့အကျင့်များရရှိအောင်   ပြုစု   ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။


တွေ့ဆုံဆွေးနွေး


မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ     ခုံသမာဓိအဖွဲ့၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌     တွေ့ဆုံဆွေးနွေး သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ၃၅၄၇ ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ၃၂၅ ဖွဲ့၊  ခုံသမာဓိအဖွဲ့ ၁၅ ဖွဲ့နှင့် ခုံသမာဓိကောင်စီ တစ်ဖွဲ့ ဖွဲ့စည်းကာ အလုပ်သမားရေးရာ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးလျက်ရှိကြောင်း၊ လက်ရှိ ကာလ၌ အငြင်းပွားမှုများဖြစ်ပေါ်လာပါက အလုပ် သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ အလုပ်သမားရေးရာ  လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ကနဦးဖြေရှင်းလျက်ရှိကြောင်း၊ အဆိုပါ WCC တွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့်လည်းကောင်း၊ ပေါင်းစပ်ညှိနှိုင်း   ဖြေရှင်းပေးရမည့်  အလုပ်သမား ရေးရာ ကိစ္စရပ်များဖြစ်ပါက မြို့နယ်ပေါင်းစပ်အဖွဲ့ များဖြင့် ဖြေရှင်းပေးလျက်ရှိကြောင်း၊ အငြင်းပွားမှု များကို ဆုံးဖြတ်ရာတွင် နှစ်ဦးနှစ်ဖက် ညီညွတ်မျှတ သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးသည် အရေး ကြီးကြောင်း။ 


 တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေး


မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များနှင့် ခုံသမာဓိ အဖွဲ့များအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ် သမားများအကြား     ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုအား    တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတ မှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရေး ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခုံသမာဓိအဖွဲ့များ အနေဖြင့် ဥပဒေပါ သတ်မှတ်ကာလအတွင်း အငြင်း ပွားမှုများကို ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး ဆောင်ရွက် ရန်နှင့်  အငြင်းပွားမှုများနှင့်စပ်လျဉ်း၍   အထက် အဆင့်ဆင့်သို့ တက်ရောက်မှု နည်းပါးစေရေးနှင့် အောက်ခြေအဆင့်တွင် အမှုများပြီးပြတ်မှုရှိစေရေးအတွက်   မြို့နယ်အဆင့်    ညှိနှိုင်းဖျန်ဖြေရာတွင် အလုပ်ရှင်၊  အလုပ်သမားများ၏   လိုလားချက်များ အပေါ် ညှိနှိုင်းဖျန်ဖြေသူ၏ အရည်အချင်းဖြင့် အတတ် နိုင်ဆုံး ပြေငြိမ်းမှုရရှိစေရေး ဖျန်ဖြေညှိနှိုင်းပေးခြင်း၊ WCC တိုးမြှင့်ဖွဲ့စည်းရေးနှင့် WCC တွင် အလုပ်ရှင်၊ အလုပ်သမားဆွေးနွေးညှိနှိုင်းမှု ပိုမိုလုပ်ဆောင်နိုင် ရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက်  ခုံသမာဓိအဖွဲ့များနှင့် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များက    လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ      ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်