
နေပြည်တော် ဩဂုတ် ၂၂
သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အပြီးသတ်ညှိနှိုင်းဆွေးနွေး
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကို ပြင်ဆင် သည့်ဥပဒေ(မူကြမ်း)အား အပြီးသတ် စိစစ်လေ့လာ ဆွေးနွေးကြပြီး လတ်တလောပြဋ္ဌာန်းရန် သင့်၊ မသင့် နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာတွင် သွင်းကုန် ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန် လိုအပ်ချက်များကို ဖြည့်စွက်ရန် လိုအပ်ကြောင်း တွေ့ရသဖြင့် ပြင်ဆင် သည့်ဥပဒေကို လတ်တလော ပြဋ္ဌာန်းသင့်ကြောင်း နှင့် ပြင်ဆင်လိုသည့်ပုဒ်မများကို အပြီးသတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်