သင်္ကြန်ယိမ်းအဖွဲ့များ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရိုက်ကူးရေးဆောင်ရွက်

 

နေပြည်တော်   မတ်   ၃ဝ


မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ ရိုးရာ  မဟာသင်္ကြန်ပွဲတော်ကို  နိုင်ငံ တစ်ဝန်းတွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်  စီစဉ်ဆောင်ရွက်လျက် ရှိရာ  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား အနေဖြင့်လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို    ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး    ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်ကျောင်းများ၊    ပုဂ္ဂလိက အသင်းအဖွဲ့များမှ  သင်္ကြန်ယိမ်းအဖွဲ့ များဖြင့် ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိ သည်။


ယနေ့ မွန်းလွဲပိုင်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာနမှ    သင်္ကြန်ယိမ်းအဖွဲ့များ သည် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့   လာရောက် ၍   သင်္ကြန်တေးသီချင်းများဖြစ်သည့် “သင်္ကြန်မိုး၊      ရွှင်လန်းချမ်းမြေ့ပါစေ” တေးသီချင်းများဖြင့်     ရိုက်ကူးရေး ဆောင်ရွက်ခဲ့ကြသည်။

 


ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များသည် မြန်မာ့အသံနှင့်     ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့်   ခေတ်အဆက်ဆက်  ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများတွင် အသုံးပြု ခဲ့သည့် အသုံးအဆောင်နှင့် စက်ပစ္စည်း များ၊    ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းစဉ် ခင်းကျင်းပြသထားမှုများ၊ မြန်မာ့ရိုးရာ နှင့်  ခေတ်ပေါ်တူရိယာများ  ခင်းကျင်း ပြသထားမှုတို့ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက   ရှင်းလင်းပြသပြီး မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။          

သတင်းစဉ်