သင်္ကြန်အတက်နေ့တွင် မုဒုံမြို့နယ်မှ ဘုရားများ၌ ကောင်းမှုပြုသူများ စည်ကား

 

မုဒုံ    ဧပြီ   ၁၆


မဟာသင်္ကြန်အတက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရှိ   ဘုရားစေတီများ၌   ဘုရားဖူးပြည်သူများ၊  တရားဘာဝနာ ပွားများသူများဖြင့် စည်ကားလျက်ရှိသည်။ 

 


 မဟာသင်္ကြန်(အတက်နေ့) နံနက်ပိုင်းမှစတင်၍  မုဒုံမြို့ရှိ  အထင်ကရ တန်ခိုးကြီးဘုရားဖြစ်သည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူဘုရားကြီးနှင့် ကန်ကြီးစေတီတော်  စသည့် စေတီပုထိုးများ၌ ဒေသခံပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်း နှင့် ရွှေကြာသင်္ကန်းတို့ကို ကပ်လှူပူဇော်ကြပြီး ဥပုသ်သီလ ဆောက်တည်ကြသည့်အပြင်  တရားစခန်းများတွင်လည်း တရားဘာဝနာပွားများကြသည်။ 

 


ထို့ပြင်   မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စတုဒိသာများ ကျွေးမွေးဧည့်ခံလျက်ရှိသလို ရေကစားမဏ္ဍပ် များတွင်လည်း ပြည်သူများက ရေကစား၍ အတာသင်္ကြန် ရေသဘင်ပွဲတော်ကို  အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက် ရှိသည်။

သားငယ် 
(ပြန်/ဆက်)