သင်ကြားသင်ယူမှုများတွင် လုပ်ငန်းခွင်၌ လက်တွေ့အသုံးချနိုင်သော သုတေသနလုပ်ငန်းများနှင့် Project များကို ပိုင်နိုင်စွာလုပ်ကိုင်နိုင်အောင် သင်ကြားပြသပေးရန် လိုအပ်

 

နေပြည်တော်   ဇွန်  ၁၅    

 

သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး  ဒေါက်တာ မျိုးသိန်းကျော်သည်   တာဝန်ရှိသူ များနှင့်အတူ       ဇွန်   ၁၂   ရက်မှ ၁၅ ရက်အထိ ဧရာဝတီတိုင်းဒေသ ကြီးရှိ ပုသိမ်၊ ဟင်္သာတနှင့် မအူပင် မြို့တို့ရှိ    နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့်  အစိုးရ နည်းပညာ  အထက်တန်းကျောင်း များသို့         သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ပြည်ထောင်စုဝန်ကြီး    သည် ဇွန် ၁၂ ရက်နှင့်     ၁၃ ရက်တို့တွင် ပုသိမ်မြို့ရှိ နည်းပညာတက္ကသိုလ် (ပုသိမ်)၊     ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊         အစိုးရနည်းပညာ အထက်တန်းကျောင်း      (ပုသိမ်) သို့ရောက်ရှိပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊    ဌာနမှူးများ၊ ဆရာ၊  ဆရာမများနှင့်   တွေ့ဆုံ ကာ   သင်ကြားသင်ယူမှုများတွင် လုပ်ငန်းခွင်၌  လက်တွေ့အသုံးချ နိုင်သော သုတေသနလုပ်ငန်းများ နှင့်   Project   များကို   ပိုင်နိုင်စွာ လုပ်ကိုင်နိုင်အောင်       သင်ကြား ပြသပေးရန်   လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများအား  အဘက်ဘက် မှ အရည်အသွေးပြည့်ဝစေရန် ပုံမှန် သင်ကြားရေးသာမက အားကစား ပြိုင်ပွဲများ           ကျင်းပပေးခြင်း၊ အသင်းအဖွဲ့ဖြင့်        ဆောင်ရွက် တတ်သော  အမျိုးသားယဉ်ကျေးမှု ကို    လေးစားတန်ဖိုးထားသော၊ စိတ်ဓာတ်         ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော    အခြား သော     အခမ်းအနားများလည်း ကျင်းပပေးခြင်းတို့   ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်     (ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရနည်းပညာအထက်တန်း ကျောင်း (ပုသိမ်) တို့ရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားသင်ယူဆောင်ရွက်နေ မှုများကို  ကြည့်ရှုအားပေးသည်။ 

 


ဇွန် ၁၄ ရက်တွင်  ပြည်ထောင်စု ဝန်ကြီးသည်       ဟင်္သာတမြို့ရှိ နည်းပညာတက္ကသိုလ် (ဟင်္သာတ)၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)နှင့်            အစိုးရနည်းပညာ အထက်တန်းကျောင်း  (ဟင်္သာတ)သို့ လည်းကောင်း၊ ဇွန် ၁၅ ရက် တွင်   မအူပင်မြို့ရှိ     နည်းပညာ တက္ကသိုလ် (မအူပင်)၊  ကွန်ပျူတာ တက္ကသိုလ်(မအူပင်)နှင့်   အစိုးရ နည်းပညာအထက်တန်းကျောင်း (မအူပင်)   သို့   လည်းကောင်း ရောက်ရှိပြီး သက်ဆိုင်ရာ ကျောင်း များမှ ပါမောက္ခချုပ်များ၊  ကျောင်း အုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်         တွေ့ဆုံကာ နိုင်ငံတော်   ဖွံ့ဖြိုးတိုးတက်ရေး ကို   အထောက်အကူပြုနိုင်သည့် အရည်အချင်း ပြည့်ဝသော ပညာ ရှင်များဖြစ်လာအောင် မွေးထုတ် သင်ကြားပေးရန်          လိုအပ်ပါ ကြောင်း၊ ဆရာဆရာမများသည် မိမိတို့၏ သက်ဆိုင်ရာဘာသာရပ် နယ်ပယ်အသီးသီး၌        မိမိတို့ တတ်သိနားလည်ထားသလောက် ဖြင့်    ကျေနပ်မနေဘဲ   မိမိတို့၏ အရည်အသွေး ပိုမိုမြင့်မားမှုရှိလာစေရန်အတွက်    စဉ်ဆက်မပြတ် လေ့လာမှုများ လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည်     စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် ကွန်ပျူတာ ခန်းများတွင်      ကျောင်းသား၊ ကျောင်းသူများ    သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို   ကြည့်ရှု အားပေးပြီး      လိုအပ်သည်များ မှာကြားဖြည့်ဆည်း  ဆောင်ရွက် ပေးသည်။

 


ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပါမောက္ခချုပ်များ၊   ကျောင်းအုပ် ကြီးများ၊   ဌာနမှူးများ၊   ဆရာ ဆရာမများနှင့်    ဝန်ထမ်းများ၊ ကျောင်းသား   ကျောင်းသူများ၏ တင်ပြချက်များအပေါ်    လိုအပ် သည်များကို        မှာကြားညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

သတင်းစဉ်