သံအမတ်ကြီး ဦးမင်းသိမ်း ပြည်ထောင်စုရှေ့နေချုပ်အား လာရောက်တွေ့ဆုံ

သံအမတ်ကြီး ဦးမင်းသိမ်း ပြည်ထောင်စုရှေ့နေချုပ်အား လာရောက်တွေ့ဆုံ

 

======================================

နေပြည်တော် နိုဝင်ဘာ ၁၀

ဩစတြီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမင်းသိမ်းသည် သံအမတ်ကြီး တာဝန်နှင့် ဗီယင်နာမြို့၌ အခြေစိုက်သည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခြင်း မပြုမီ ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား လာရောက်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၊ ဩစတြီးယားသမ္မတနိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့၏ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စရပ်များ၊ နိုင်ငံတကာကုန်သွယ်ရေးဥပဒေဆိုင်ရာ ကုလသမဂ္ဂကော်မရှင် (UNCITRAL) နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်သည့် ဥပဒေအကြံပြုချက်များ ကူညီပေးရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်