သမဝါယမကဏ္ဍမှ ပြောင်းချဉ်ဖတ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားမည်

 

နေပြည်တော်   ဇန်နဝါရီ   ၇ 


နေပြည်တော်        ပြည်ထောင်စု နယ်မြေ ပျဉ်းမနားနှင့်  လယ်ဝေး မြို့နယ်များရှိ  မွေးမြူရေးလုပ်ငန်း ရှင်များနှင့် ပြောင်းချဉ်ဖတ်ထုတ်လုပ်ရောင်းချမည့်ကိစ္စများ တွေ့ဆုံ ဆွေးနွေးခြင်း  အခမ်းအနားကို       ဇန်နဝါရီ ၇ ရက်က နေပြည်တော် ကောင်စီ     သမဝါယမဦးစီးဌာန၌   ကျင်းပရာ     သမဝါယမဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ နှင့်  တာဝန်ရှိသူများ၊ နေပြည်တော် တိုင်း  မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာန  တိုင်းဦးစီးမှူးနှင့်အဖွဲ့ဝင် များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ    တက်ရောက်ကြသည်။

 


ပြောင်းချဉ်ဖတ်ကို    ကျွေးမွေး ခြင်းဖြင့်    ခိုင်းနွား၊    နို့စားနွား စသည့်     မည်သည့်နွားမျိုးပင် မဆို     အာဟာရတိုးတက်မှုနှုန်း  ၁၂ ရာခိုင်နှုန်းမှ    ၁၈  ရာခိုင်နှုန်း အထိ  တိုးတက်မည်ဖြစ်ကြောင်း၊ ပြောင်းချဉ်ဖတ်ကို      ကောင်းမွန် သော     ထုပ်ပိုးမှုစနစ်များဖြင့် ဆောင်ရွက်ပါက နှစ်နှစ်မှ သုံးနှစ် ထိ  တာရှည်အထားခံ  အသုံးပြုနိုင် ကြောင်း၊       အရည်တည်ခါစ ပြောင်းဖူးနုများကို ချဉ်ဖတ်ပြုလုပ် ၍   ကျွေးမွေးပါက    နို့ထွက်အား ကောင်းပြီး      နို့ထွက်ကာလရှည် ကြာခြင်း    စသည့်အကျိုးကျေးဇူး များ       ရရှိမည်ဖြစ်ပြီး     ပို၍  အရည်အသွေး   ကောင်းမွန်သော အာဟာရများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့်      မွေးမြူရေးလုပ်ငန်း ရှင်များက      သိလိုသည်များကို     မေးမြန်းဆွေးနွေး၍ ဈေးကွက်ရရှိ နိုင်မှုအခြေအနေများကို  ဆွေးနွေး သည်။  

 


 ထို့နောက်   ပြောင်းချဉ်ဖတ်   ထုတ်လုပ်  ဆောင်ရွက်မည့်နေရာ များ၊  ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစုပိုင်   သူဌေးကုန်း ဘက်စုံ ဖွံ့ဖြိုးရေးခြံနှင့်   ပြောင်းစိုက်ခင်း များအား    ကွင်းဆင်းစစ်ဆေး ကြောင်း သိရသည်။  

      
သတင်းစဉ်