သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)ကို ဇွန် ၁၆ ရက်တွင် စတင်ဖွင့်လှစ်မည်

 

နေပြည်တော်    ဇွန်   ၁၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  ယနေ့နံနက်ပိုင်း က     ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ  မကွေး တိုင်းဒေသကြီး မြို့သစ်မြို့နယ် သမဝါယမဦးစီးဌာနသို့ ရောက်ရှိ ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်း   ဆောင်ရွက်နေမှုများ အပေါ် လိုအပ်သည်များ မှာကြား ပြီး    မြို့သစ်မြို့နယ်  သမဝါယမ အသင်းစု၏ ဆန်စက်လည်ပတ် နေမှုကို         ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက်   ဒုတိယဝန်ကြီး သည် မကွေးမြို့ သမဝါယမစာရင်း ရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊      ဝန်ထမ်းများနှင့် တွေ့ဆုံပြီး       လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ သင်တန်း ကျောင်း    ကွန်ပျူတာခန်းမနှင့် စာသင်ဆောင်များ၊    သင်တန်း သား၊       သင်တန်းသူများ၏  အိပ်ဆောင်များ၊ စားရိပ်သာ၊ရေချိုး ခန်းများနှင့်      သန့်စင်ခန်းများ ဆောင်ရွက်ထားမှုကို      ကြည့်ရှု စစ်ဆေးသည်။

 


သမဝါယမစာရင်းရေး စာရင်း ကိုင်     သက်မွေးပညာ  သင်တန်း ကျောင်း(မကွေး)ကို  ဇွန် ၁၆ ရက် တွင်      စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံအဋ္ဌမတန်း အောင်မြင်ပြီး သူများ တက်ရောက်နိုင်မည်ဖြစ် ကာ  သင်တန်းကာလမှာ  နှစ်နှစ် ဖြစ်ကြောင်း၊     လက်ရှိကျောင်း အပ်နှံထားသူ ဦးရေ အမျိုးသား ၂၉  ဦး၊    အမျိုးသမီး  ၄၉ ဦး     စုစုပေါင်း  ၇၈  ဦးရှိကြောင်း သိရသည်။

 


လိုအပ်ချက်များဆောင်ရွက်ပေး


ဆက်လက်၍ ဒုတိယဝန်ကြီး သည် မြို့သစ်မြို့နယ် လေးတိုင်စင် ကျေးရွာအုပ်စု    စိုင်ကြံတောင် တဲတိုက်ကျေးရွာသို့ ရောက်ရှိပြီး ဆိုလာစနစ်ဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များအပေါ်   ညှိနှိုင်း ပေါင်းစပ်     ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    


သတင်းစဉ်