သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ   ၁၈


ရန်ကုန်တိုင်းဒေသကြီး  လှည်းကူး မြို့နယ် အင်းတိုင်ဒေသ သီရိမင်္ဂလာကုန်း မြေ၌    တည်ထားပူဇော်သည့်    သမိုင်းဝင် ဆံတော်ရှင် ကျိုက်ဒေးဝိစေတီတော်မြတ် ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊  ငှက်မြတ်နားတော်    တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ  အခမ်းအနားကို  သာသနာ တော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊   နတ်တော်လပြည့်နေ့ဖြစ် သည့်    ယနေ့နံနက်ပိုင်းတွင်   ကျင်းပ ပြုလုပ်ရာ    တိပိဋက   ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃဝန် ဆောင်၊  အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တနာရဒါ ဘိဝံသ(သ.စ.အ ဓမ္မာ စရိယဝဋံသကာ)      ပါဠိပါရဂူ၊   ဗဟန်းညောင်တုန်းကျောင်း တိုက် နာယကဆရာတော်နှင့်   အပြည် ပြည်ဆိုင်ရာ  ထေရဝါဒဗုဒ္ဓ  သာသနာပြု တက္ကသိုလ်   ဒုတိယပါမောက္ခချုပ်  အဂ္ဂ မဟာသဒ္ဓမ္မ   ဇောတိကဓဇ၊  မဟာဓမ္မ ကထိက   ဗဟုဇနဟိတဓရ၊  မဟာဂန္ထ ဝါစကပဏ္ဍိတ  ဒေါက်တာ  ဘဒ္ဒန္တဆေကိန္ဒ (ဓမ္မဒူတ  ဆရာတော်)တို့  အမှူးပြုသည့်   ဆရာတော်၊  သံဃာတော်  အရှင်သူမြတ် များ     ကြွရောက်ချီးမြှင့်     တော်မူကြ  သည်။ 

 


အဆိုပါ      အခမ်းအနားသို့  နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊            နိုင်ငံတော်  ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၊     ဇနီးဒေါ်ကြူ ကြူလှနှင့် မိသားစုဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဗိုလ်ချုပ် ကြီး   မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦးနှင့် ဇနီး၊  ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်ဇနီး၊   ကာကွယ်ရေးဦးစီးချုပ် ရုံးမှ   တပ်မတော်အရာရှိကြီးများ နှင့်  ဇနီးများ၊  ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ဖိတ်ကြားထားသည့်   ဧည့်သည် တော်များ၊ စေတနာရှင် အလှူရှင် များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊    ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ  တက်ရောက် ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနား တက်ရောက်   လာကြသူများက ဗဟန်းညောင်တုန်းကျောင်းတိုက် နာယက ဆရာတော်ထံမှ ကိုးပါး သီလခံယူ   ဆောက်တည်ကြပြီး ဥပါသကာများက   ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ  ဆက် ကပ်သည်။ ထို့နောက် သံဃာတော်    အရှင်သူမြတ်တို့  ရွတ်ပွားချီးမြှင့် တော်မူကြသည့်     ပရိတ်တရား တော်များကို  နာယူကြည်ညိုကြ သည်။

 


ယင်းနောက်    ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ် ချည်၊ ပရိတ်သဲများကို      ယူဆောင်၍ စေတီတော်ပရိဝုဏ်တွင် ပက်ဖျန်း ကြဲဖြန့်ချည်နှောင် တားဆီးကာရံ ကြသည်။ 

 


ဆက်ကပ်လှူဒါန်း


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ၊ နိုင်ငံတော်  ဝန်ကြီးချုပ်၊  ဇနီးနှင့် မိသားစုဝင်များက ရတနာစိန်ဖူး တော်၊    ငှက်မြတ်နားတော်နှင့်  လှူဖွယ်ပစ္စည်းများအား   ဗဟန်း ညောင်တုန်း       ကျောင်းတိုက် နာယက ဆရာတော်ထံ ဆက်ကပ် လှူဒါန်းကြသည်။  ဆက်လက်၍ နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊   ပြည်ထောင်စု ဝန်ကြီးများနှင့်    အခမ်းအနား တက်ရောက်    လာကြသူများက လှူဖွယ်ပစ္စည်းများအား  သံဃာ တော်        အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ 

 


ယင်းနောက်              ဓမ္မဒူတ ဆရာတော်ထံမှ    အနုမောဒနာ တရားနာယူ၍   လှူဒါန်းမှုအစုစု အတွက်   ရေစက်သွန်းချအမျှပေး ဝေကြသည်။ 

 


ပရိတ်နံ့သာရည်ပက်ဖျန်း


ထို့နောက်    နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ၊ နိုင်ငံတော်   ဝန်ကြီးချုပ်၊   ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များ သည်  ရတနာစိန်ဖူးတော်၊  ငှက် မြတ်နားတော်တို့အား  ပင့်ဆောင် ၍   စေတီတော်ကြီးအား လက်ယာ ရစ်   လှည့်လည်ပင့်ဆောင်  ပူဇော် ကြသည်။ ထို့နောက် မင်္ဂလာအချိန် တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့အား  မင်္ဂလာရထားပျံ ဖြင့်          စေတီတော်အထွတ်သို့ ပင့်ဆောင်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ    ရတနာစိန်ဖူး တော်၊          ငှက်မြတ်နားတော် တင်လှူ     ပူဇော်အောင်မြင်ခြင်း     အထိမ်း အမှတ်  ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ဆက်လက်ပြီး သံဃာတော် အရှင်သူမြတ်များက   သမိုင်းဝင် ဆံတော်ရှင်            ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက်သွန်းတော်မူကြပြီး     ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ် ဆိုဆုတောင်း၍   မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 


ယင်းနောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့ က  မင်္ဂလာမော်ကွန်း  ကျောက်စာ တော်အား   ပရိတ်နံ့သာရည်များ ဖြင့်           ပက်ဖျန်းဖွင့်လှစ်ပြီး ခေါင်းလောင်းတော်အား  ကိုးချက် ထိုးခတ်ပူဇော်၍ မေတ္တာပြုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်သည်   သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော် မြတ်ကြီး၏        ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်   မှတ်တမ်း တင်လက်မှတ်ရေးထိုး ပူဇော် သည်။

 


တည်ခင်းဧည့်ခံ


အခမ်းအနား          အပြီးတွင်    နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့်ဇနီး၊          အခမ်းအနား တက်ရောက် လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း  ဆက်ကပ်လှူဒါန်းကြ ကာ   တက်ရောက်လာကြသည့် ဧည့်သည်တော်များအား  နေ့လယ် စာဖြင့်       တည်ခင်းဧည့်ခံခဲ့ကြ သည်။

 


အဆိုပါ   သမိုင်းဝင်ဆံတော်ရှင် ကျိုက်ဒေးဝိ   စေတီတော်မြတ်ကြီး သည်         ကရဝိကမင်းကြီး ဟံသာဝတီထီးနန်းစိုးစံတော်မူစဉ် တည်ထားကိုးကွယ်တော်မူသည့် စေတီတော်  ခုနစ်ဆူအနက်  စတုတ္ထ မြောက်တည်ထားသည့်      စေတီ တော်ဖြစ်ပြီး သာသနာသက္ကရာဇ် ၁၄၈၉ ခုနှစ်  မြန်မာသက္ကရာဇ် ၃၀၇ ခုနှစ်တွင်  ဘုရားတည်ပြီးစီးခဲ့ ကြောင်း၊ ကျိုက်သည် ဘုရား၊ ဒေး သည် ကုန်း၊ ဝိသည် သဖန်း ဖြစ် သဖြင့်    သဖန်းကုန်းဘုရား ဟု အဓိပ္ပာယ်ရကြောင်း၊    သာသနာ တော်သက္ကရာဇ် ၁၉၇၀ ပြည့်နှစ် မြန်မာသက္ကရာဇ်    ၇၈၈   ခုနှစ် ဗညား ဓမ္မရာဇာမင်းလက်ထက် တွင်   ပထမအကြိမ်   ဉာဏ်တော်  ငါး  တောင်ငုံ၍ ၇၅ တောင်အဖြစ် ပြုပြင်မွမ်းမံ     ပူဇော်ခဲ့ကြောင်း၊ သာသနာတော် သက္ကရာဇ် ၂၁၆၀ ပြည့်နှစ် မြန်မာသက္ကရာဇ် ၉၇၈  ခုနှစ်တွင် အနောက်ဘက်လွန်မင်း တရားကြီးက    ပျက်စီးနေသည့်  ဆံတော်ရှင်   ကျိုက်ဒေးဝိစေတီ တော်မြတ်ကြီးအား ဒုတိယအကြိမ် ဉာဏ်တော်    ငါး   တောင်ငုံ၍ ဉာဏ်တော်အတောင် ၈၀ ရှိ စေတီ တော်ကြီးအဖြစ်   ပြုပြင်မွမ်းမံ၍ ရွှေထီးတော်တင်လှူ  ပူဇော်ခဲ့ကြ ကြောင်း၊ ယင်းနောက် ငလျင်ဒဏ် နှင့်  ဒုတိယ   ကမ္ဘာစစ်တို့အတွင်း အကြောင်း     အမျိုးမျိုးကြောင့်  ပျက်စီးယိုယွင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့ သဖြင့်         နိုင်ငံတော်အစိုးရ၊  တပ်မတော်၊      ဒေသခံပြည်သူများ၊ စေတနာရှင်       အလှူရှင်များက ခေတ်အဆက်ဆက်  ပြုပြင်မွမ်းမံခဲ့ ကြကြောင်း၊  ယခုအခါတွင်လည်း စေတီတော်မြတ်ကြီးသည် ပျက်စီး ယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၏   မေတ္တာ ရပ်ခံချက်အရ  နိုင်ငံတော်ဩဝါဒါ စရိယ      ဆရာတော်ကြီးများထံ တင်ပြလျှောက်ထား၍  ခုနစ်ရက် သားသမီး   စေတနာရှင်အလှူရှင် များ  စုပေါင်းပြီး   ဘက်စုံပြုပြင် မွမ်းမံခဲ့ကြခြင်း      ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်