
နေပြည်တော် အောက်တိုဘာ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူ တင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၁၆၉ ဆိုင်တွင် 92Ron လီတာ (၁၂,၈၆၆,၂၇၀) ၊ ဒီဇယ် (၇,၆၃၉,၄၇၁)လီတာနှင့် Premium ဒီဇယ် လီတာ (၁၂,၁၄၅,၇၆၀) တို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်လိပ်စာ များကို ကြေညာခဲ့ပြီးဖြစ်သည်။
ပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
သတင်းစဉ်