သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ   ၈  


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍   ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့်   တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့်မှာယူတင်သွင်းခဲ့သည့်    စားအုန်းဆီများ ကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်  ၃၇၀ဝိ/- နှုန်းဖြင့် စက်တင်ဘာ  ၂၀ ရက်မှ   စတင်ရောင်းချလျက်ရှိရာ   ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့အတွက် စားအုန်းဆီပိဿာ  ၅၉၇၄၄၃၀၊  တန်ချိန် ၉၇၆၂ တန် ရောင်းချခဲ့ပြီးဖြစ်သည်။ 


ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက်    အသင်း၏အစီ အစဉ်ဖြင့်   ရပ်ကွက်များသို့    ဈေးကားများဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိပြီး   ကျန်တိုင်းဒေသကြီး/   ပြည်နယ်များသို့လည်း   ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို   လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင် များတွင် အသားတင်အကျိုးအမြတ်  ၂   ရာခိုင်နှုန်းထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချ သွားရမည်ဖြစ်ကြောင်းနှင့်  စားသုံးသူပြည်သူများသို့   လက်လီ/လက်ကား  ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊   အမှတ် (၁၀၄/၁၀၈) ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာ ဓမ္မာရုံရှေ့) အလုံမြို့နယ် ဖုန်းအမှတ်   ၀၉-၄၄၄၄၃၇၂၉၅၊   ၀၉-၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး  စားသုံးသူရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။                                                          
 သတင်းစဉ်