သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ စားအုန်းဆီ  တန်ချိန် ၆၇၆၇ ဒသမ ၆၉ တန်၊ ပိဿာ ၄၁၄၁၈၃၀ ရောင်းချခဲ့ပြီးဖြစ်

 

 

နေပြည်တော် နိုဝင်ဘာ ၁၆ 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့်    မြန်မာနိုင်ငံ ဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ   သက်သာ သော ဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍             ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့်   နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ  ၁၂သန်းဖြင့် မှာယူတင်သွင်းခဲ့သည့်  စားအုန်း ဆီများကို   နိုဝင်ဘာ ၉ ရက်မှ စတင်ပြီး    တိုင်းဒေသကြီး/ ပြည် နယ်ဒေသအသီးသီးရှိ    လက်လီ/လက်ကား   ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၂၄၀ဖြင့် နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ   ရန်ကုန် တိုင်းဒေသကြီး၊   မန္တလေးတိုင်း ဒေသကြီး၊   စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊   ရှမ်းပြည်နယ်၊ နေပြည်တော်၊   တနင်္သာရီတိုင်း ဒေသကြီးနှင့်    မွန်ပြည်နယ်တို့ အတွက်   စားအုန်းဆီ   တန်ချိန် ၆၇၆၇ ဒသမ ၆၉ တန်၊   ပိဿာ ၄၁၄၁၈၃၀       ရောင်းချခဲ့ပြီး ဖြစ်သည်။
ဆက်သွယ် ဝယ်ယူနိုင်
ရန်ကုန်မြို့အတွင်းရှိ   စားသုံး သူများအတွက်     ဆီအသင်း၏ အစီအစဉ်ဖြင့်     ရပ်ကွက်များသို့ ဈေးကားများဖြင့်    လှည့်လည် ရောင်းချပေးလျက်ရှိပြီး    ကျန် တိုင်းဒေသကြီး/ ပြည်နယ်များသို့ လည်း    ဆက်လက်ရောင်းချပေး မည်ဖြစ်ကြောင်း၊     စားအုန်းဆီ များကို            လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီ အရောင်းဆိုင်များတွင်   အသား တင်အကျိုးအမြတ် ၂ ရာခိုင်နှုန်း ထက်   မပိုသည့်   ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည် ဖြန့်ဖြူး     ရောင်းချရမည်ဖြစ် ကြောင်း၊ စားသုံးသူပြည်သူများသို့ လက်လီ/  လက်ကား    ဖြန့်ဖြူး ရောင်းချပေးမည့် လုပ်ငန်းရှင်များ အနေဖြင့်    မြန်မာနိုင်ငံ  ဆီကုန် သည်နှင့်       ဆီလုပ်ငန်းရှင်များ အသင်း၊ အမှတ်(၁၀၄/၁၀၈)ကမ်းနားလမ်း၊    လွတ်လပ်ရေး ရပ်ကွက်  (ဆင်မင်းအိမ်ရာဓမ္မာရုံ ရှေ့)အလုံမြို့နယ် ဖုန်းအမှတ်၀၉- ၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇- ၀၄၉နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန  ၀၁- ၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်  ဝယ်ယူနိုင်ကြောင်း သိရသည်။              သတင်းစဉ်