သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲကျင်းပ

 

ရန်ကုန်   ဒီဇင်ဘာ   ၃၁
၁၉၉၇   ခုနှစ်မှစ၍   ထုတ်ဝေ ဖြန့်ချိခဲ့သော  SH   (ရှုထောင့်/အထူးဟစ်တိုင်) သတင်းဌာနတွင် နှစ်ပေါင်း ၂၅ နှစ်ကျော်တိုင်အောင် နာယကကြီးများအဖြစ်   ပါဝင် ဆောင်ရွက်ပေးခဲ့သော သက်ကြီး စာပေပညာရှင်များ      ပူဇော် ကန်တော့ပွဲကို ယနေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌     ကျင်းပ သည်။ 
အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးထွန်း  (မောင်စိမ်း နောင်-လယ်ဝေး)က ဂုဏ်ပြုအမှာ စကား ပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက် အတွင်းရေးမှူး     ဦးရဲနိုင်စိုးက မုဒိတာစကား ပြောကြားသည်။
ထို့နောက်   SH (ရှုထောင့်/အထူးဟစ်တိုင်)သတင်းဌာနတွင် နာယကအဖြစ် ပါဝင်ဆောင်ရွက် ခဲ့ကြသော သက်ကြီးစာပေပညာ ရှင်များကို ပူဇော်ကန်တော့ကြပြီး ကန်တော့ခံ သက်ကြီးစာပေပညာ ရှင်များကိုယ်စား    မြန်မာနိုင်ငံ စာရေးဆရာအသင်း      အတွင်း ရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က  ဆုတောင်း စကားနှင့် ဆုံးမစကားပြောကြား သည်။
အဆိုပါ      အခမ်းအနားသို့ ကန်တော့ခံ သက်ကြီးစာပေပညာ ရှင်များ၊ မြန်မာနိုင်ငံ  သတင်းမီဒီ ယာကောင်စီမှ   တွဲဖက်အတွင်း ရေးမှူးများနှင့်   ကောင်စီဝင်များ၊  SH   (ရှုထောင့်/အထူးဟစ်တိုင်) သတင်းဌာနမှ  အမှုဆောင်အရာ ရှိချုပ် ဦးသက်နိုင်ဦးနှင့် တာဝန် ရှိသူများ   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်