ရန်ကုန် အောက်တိုဘာ ၁၈
၁၃၈၄ ခုနှစ် မြန်မာနိုင်ငံ စာဆို တော်နေ့ အထိမ်းအမှတ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ အတွက် မြန်မာနိုင်ငံ စာရေးဆရာ အသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်း ကြရာ ဦးမြင့်စိုး (စာရေးဆရာ မြင့်စိုး-နတလ)က အလှူငွေကျပ် သုံးသိန်း၊ ဦးဝေလွင်(စာရေးဆရာ ဝေလွင်မောင်)က ငွေကျပ် နှစ်သိန်း၊ ဒေါက်တာအေးမင်း (ဒေါက်တာအောင်ထက် ဆေး-၁)မိသားစုနှင့် ဦးသန်းဝင်း (မင်းယဉ်စု)မိသားစုတို့က ငွေကျပ် တစ်သိန်းစီ၊ စာရေးဆရာကြီး ကပ္ပတိန်သာစိန် မိသားစုက ငွေကျပ်ခုနစ်သောင်း၊ မရမ်းကုန်း မြို့နယ် စာရေးဆရာအသင်း နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ဦးထင် ကျော်မိုး (မြေလတ်ထင်ကျော်မိုး)မိသားစုက ငွေကျပ်နှစ်သောင်း ပေးအပ်လှူဒါန်းကြရာ အသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တာဝန်ရှိသူများက လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူ ပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃၁၇၅) ပန်းဆိုးတန်း လမ်း (အလယ်) ကျောက်တံတား မြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅ဝဝ၉ဝ၄၈၆ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်



