သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်း

 

ရန်ကုန်     နိုဝင်ဘာ    ၁၅


မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ    စာဆိုတော်နေ့အထိမ်းအမှတ်  (၃၆)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ  ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ ဗိုလ်ချုပ်ဌေးဦး(ငြိမ်း)ပြည်ထောင်စုဝန်ကြီး (ငြိမ်း)-ဒေါ်နီနီဝင်း မိသားစုက အလှူငွေကျပ် ၂၇၈ဝဝဝဝ၊(ယာပုံ) မြန်မာနိုင်ငံ  မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်းနှင့်     သီဟသုဓမ္မ မဏိဇောတဓရ     ဆရာကြီး   ဦးတင်မောင်ထွေး (နတ်ရေကန်တင်မောင်ထွေး)တို့က အလှူငွေ ကျပ် ၁၀ သိန်းစီ၊ စာရေးဆရာမကြီး ရွှေကူ နန်းနွဲ့နွဲ့မိသားစု၊ ဦးဟန်သိန်း(သစ္စန)၊ ဦးသန်းလှိုင်    သစ်(မြန်မာ့အသံ) အား   ရည်စူး၍  သမီး  ဝါဝါ စုလှိုင်မိသားစု၊   ကွမ်းခြံကုန်းမြို့နယ်   စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးစံရွှေ(တင်မောင်ထက်-ကွမ်းခြံကုန်း)၊ ချောင်းဆုံမြို့နယ် စာရေးဆရာ အသင်း၊ သံဖြူဇရပ်မြို့နယ်စာရေးဆရာအသင်း နှင့်    ကြို့ပင်ကောက်မြို့နယ်   စာရေးဆရာ အသင်းတို့က ငွေကျပ် တစ်သိန်းစီ။ 


အောင်မျိုးသန့်(ကန့်ဘလူ)၊ ဦးထွန်းငွေ-ဒေါ်ခင်ဌေးမြင့်   (သန်လျင်မြို့နယ်)၊   ဦးမြင့် အောင်   (ဦးမြင့်အောင် - စစ်သည်ဟောင်း)၊  ကိုလတ်(အဏ္ဏဝါ) မြောက်ဥက္ကလာပမြို့နယ်၊ မုံရွာမြို့နယ်စာရေးဆရာအသင်းနှင့် မြန်အောင်  မြို့နယ်    စာရေးဆရာအသင်းတို့က      ငွေကျပ် ငါးသောင်းစီ၊  မဲခေါင်စာပေဆုရ  ဦးဖေသန်း (နေမင်းသန်း)၊ မုံရွာမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးညွန့်စိုး(ရွှေရည်စိုး)နှင့် ဦးမြင့်အောင် (မြင့်အောင်-ရွှေဘိုသား)  မုံရွာမြို့နယ်တို့က ငွေကျပ်သုံးသောင်းစီ၊ ဗိုလ်မှူးကြီး မြင့်သိန်း (ငြိမ်း)(မြင့်သိန်းအောင်)က ငွေကျပ်သုံးသိန်း တန်ဖိုးရှိစာအုပ်များ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က  ငွေကျပ်တစ်သိန်း တန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းအတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်း  သူ- ကြို့ပင်ကောက်)   နှင့်    တွဲဖက်အတွင်း ရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့် -တက္ကသိုလ်)တို့က လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။


အလှူငွေဖြစ်စေ၊   အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက    မြန်မာနိုင်ငံစာရေးဆရာ အသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်)  ကျောက်တံတားမြို့နယ်၊ ရန်ကုန် မြို့၊ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉ - ၄၅၀၀၉၀၄၈၆ သို့    ဆက်သွယ်လှူဒါန်းနိုင်ကြောင်း    သိရ သည်။              

သတင်းစဉ်