
နေပြည်တော် ဩဂုတ် ၂၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ် (MOEAF) မှ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံအလိုက် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာအေဂျင်စီ များအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမား များကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရန်လိုအပ် ကြောင်း၊ သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိ လျှင် အလုပ်သမားများ၏ တိုင်ကြားမှုများ ဖြစ်ပေါ် လာနိုင်သဖြင့် အေဂျင်စီများက အလေးထားဆောင် ရွက်စေလိုကြောင်း၊ MoU မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကိစ္စနှင့် ပတ်သက်၍ ငွေလွှဲအများစု အား နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် စနစ်တကျစီးဆင်း စေရေး ဆောင်ရွက်စေလိုကြောင်း၊ ပြည်ပအလုပ် အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာ နိုင်ငံရှိ လုပ်ငန်းခွင်များတွင် အလုပ်ရှင်၊ အလုပ်သမား မပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းဆောင်ရွက်ရန်၊ အလုပ်သမားရေးရာ ကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့သတင်းပို့၍ အချိန် နှင့်တစ်ပြေးညီ အလုပ်သမားသံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်နှင့် မိမိတို့ စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်အထိ တာဝန် အပြည့်အဝရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင် မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိ သူများနှင့် နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ ခေါင်းဆောင်များက လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြကြ ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ အနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များအား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။
ဩဂုတ် ၂၃ ရက်အထိ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၄၅၇ ခုနှင့် ထိုင်း လိုင်စင်ရအေဂျင်စီ ၁၅၀ ရှိကြောင်း၊ ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတို့တွင် ပို့ချလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်