သဇင် FM မှ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

 

 

နေပြည်တော် ဒီဇင်ဘာ ၂၀
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ  စိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍   ပရိသတ်များ၏   ရင်တွင်းခံစားချက်   စကားသံများကို သဇင် FM  ၏  “ပြည်သူ့ကြားက  ပြည်သူ့စကား”အစီအစဉ်မှ “CDM ခေါင်းစဉ်အောက်က      ဘဝအာမခံချက်     ပျောက်ဆုံးနေကြသူများ” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။ 
အလားတူ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင်လည်း “ပြည်သူ အပေါ်  မဟုတ်မမှန်  ဝါဒဖြန့်  သွေးထိုးလှုံ့ဆော်နေသော  ပြည်ဖျက် မီဒီယာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်ရာ  ပါဝင် ဆွေးနွေးလိုသူ   ပရိသတ်များအနေဖြင့်   အပတ်စဉ်  အင်္ဂါနေ့   နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊    အလုပ်အကိုင်နှင့်       ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို  Message  ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်  ပါဝင် လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက် များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်