သဇင် FM က ထုတ်လွှင့်မည့် ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ပရိသတ်များ ပါဝင်ဆွေးနွေးနိုင်

 

 

နေပြည်‌တော်    နိုဝင်ဘာ   ၁၆
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်  အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင်  FM  ၏   ပြည်သူ့ကြားက  ပြည်သူ့စကား  အစီအစဉ်ကို  ၁၇-၁၁-၂၀၂၁ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁  နာရီနှင့် စနေနေ့  မွန်းလွဲ  ၂  နာရီ  မိနစ်  ၃၀  တွင် လှိုင်းနှုန်း(88.6MHz/ 89.5MHz/ 87.6MHz)တို့မှ    ထုတ်လွှင့်တင်ဆက်ပေးသွားမည်  ဖြစ်ပြီး  ပါဝင်ဆွေးနွေးလိုသည့် ပရိသတ်များအနေဖြင့် အပတ်စဉ် အင်္ဂါနေ့ နံနက် ၁၀ နာရီမှ ၁၀ နာရီ မိနစ် ၃၀ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ မိမိ၏အမည်၊  နေရပ်လိပ်စာ၊  နိုင်ငံသားစိစစ်‌ ရေးကတ်အမှတ်၊ အလုပ်အကိုင်နှင့် ပြန်လည်ခေါ်ဆိုရမည့် ဖုန်း နံပါတ်တို့ကို message ပေးပို့၍ ပါဝင်ဆွေးနွေးနိုင်ပြီဖြစ်ကြောင်း  အသိပေးကြေညာအပ်ပါသည်။                                     သတင်းစဉ်