သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   ဇွန်   ၂၅


သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို    ယနေ့နံနက်   ၉ နာရီတွင် နေပြည်တော်ရှိ      ရုံးအမှတ်(၂၁)     သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန           အစည်းအဝေးခန်းမ၌  ကျင်းပသည်။


နည်းပညာရှင်များအထိ လေ့ကျင့်မွေးထုတ်


အစည်းအဝေးတွင်    သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည်   သိပ္ပံနှင့်   နည်းပညာဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊    သိပ္ပံနှင့်နည်းပညာဆိုင်ရာ      လူသားအရင်းအမြစ် များ မွေးထုတ်ပေးရန်၊ မိမိတို့၏ ထုတ်ကုန်များ စံချိန် စံညွှန်းနှင့်အညီ ရှိ  မရှိ သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ မရှိ  ဆန်းစစ်တိုင်းတာရန်၊   သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ အမျိုးသားရေးလုပ်ငန်း တာဝန်များကို နိုင်ငံ ကိုယ်စားထမ်းဆောင်ရန် တာဝန်ရှိပါကြောင်း၊ သိပ္ပံ နှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်   ပြုစု ပျိုးထောင်ရာတွင်  အခြေခံကျွမ်းကျင်    လုပ်သား များမှအစပြု၍ အဆင့်မြင့် နည်းပညာရှင်များအထိ လေ့ကျင့်မွေးထုတ်ပေးရန်  တာဝန်ရှိပါကြောင်း။


နည်းပညာရှင်များသည် မိမိတို့ အတတ်ပညာ၊ နည်းပညာများကို  မှန်မှန်ကန်ကန်   အများပြည်သူ အကျိုး၊ နိုင်ငံအကျိုးဖြစ်စေရန်၊ အသုံးချနိုင်စွမ်းရှိရန် လိုအပ်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက် နိုင်မှုများကို ကြိုတင်မျှော်မှန်းနိုင်ရန် လိုအပ်ကြောင်း၊ ဤသို့ဖြစ်ရန် Professional ပညာရပ်များ သာမက မိမိတို့လုပ်ဆောင်ချက်များ ကျင့်ဝတ်နှင့်အညီ ဖြစ်စေ ရန်၊  အသင်းအဖွဲ့စိတ်ဖြင့်  ပူးပေါင်းဆောင်ရွက်တတ် ရန်၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်စွာ ဆောင်ရွက် တတ်ရန်   လိုအပ်ကြောင်း၊ နိုင်ငံတကာ  အဆင့်မီ မိမိနိုင်ငံလိုအပ်ချက်နှင့် ကိုက်ညီသည့်  နိုင်ငံအတွက် အကျိုးပြုသည့်   ပညာရှင်များ  မွေးထုတ်ပေးနိုင်ရန် လိုအပ်သည့်အချက်များ  ဆွေးနွေးပေးရန်   ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။


မဟာဗျူဟာကျကျဆောင်ရွက်ရန်လို


ထို့နောက်   စက်မှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအနေဖြင့်   မြန်မာနိုင်ငံ၏   သိပ္ပံနှင့် နည်းပညာကဏ္ဍတွင်    လက်ရှိဆောင်ရွက်လျက်   ရှိသောလုပ်ငန်းများအပြင် သိပ္ပံနှင့်နည်းပညာကဏ္ဍ ကို ယခုထက်ပိုမို   ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရှေ့ဆက်လက်အကောင်အထည်ဖော်    ဆောင်ရွက် မည့်လုပ်ငန်းများကို မဟာဗျူဟာကျကျ၊   နည်းစနစ် တကျနှင့်  ဆောင်ရွက်နိုင်ရန်   လိုအပ်ပါကြောင်း။


တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား တိုးမြှင့်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို      ဒေသတွင်းတွင် ယှဉ်ပြိုင်ပြီး    တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာရပ်များက အရေးကြီး သကဲ့သို့ အဆင့်မြင့်လုပ်ငန်းစဉ်များနှင့်   ကုန်ထုတ် လုပ်မှုလုပ်ငန်းစဉ်များသည် ပြောင်းလဲလျက်ရှိသည့် လုပ်ငန်းခွင်   နည်းပညာရပ်များနှင့်    လိုက်လျော ညီထွေပြီး  ကျွမ်းကျင်မှု ပြည့်ဝစွာနှင့်    ဆောင်ရွက် နိုင်မည့်     လူ့စွမ်းအားအရင်းအမြစ်    Skillful Workforce က အဓိကလိုအပ်လျက်ရှိသည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း၊ ယင်းသို့   Skillful   Workforce ကို သက်မွေးပညာ  TVET Education ကသာလျှင် မွေးထုတ်ဖြည့်ဆည်းပေးနိုင်မှာ   ဖြစ်သည့်အတွက် အထူးအားစိုက်ပြီး အကောင်အထည်ဖော် ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း။


မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာ ပညာရေး စိစစ်အသိအမှတ်ပြုမှု ကော်မတီ၏ မူဝါဒ၊ စံချိန်စံညွှန်းများနှင့်အညီ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်နှင့်   ရွှေပြည်သာ)တွင်    စတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စိစစ်မှုခံယူနိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။


ရှင်းလင်းပြောကြား


ယင်းနောက် သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များက   သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန၏ လျာထားဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များကို   ရှင်းလင်း တင်ပြကြသည်။


ထို့နောက်   ဆွေးနွေးပွဲသို့   တက်ရောက်လာကြ သည့်   တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ နည်းပညာတက္ကသိုလ်နှင့်    ကွန်ပျူတာတက္ကသိုလ် များမှ  ပါမောက္ခချုပ်များက     သိပ္ပံနှင့်နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်   ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍     ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို  ရုပ်သိမ်းလိုက်ကြောင်း သိရသည်။      

                                   
 သတင်းစဉ်