သိပ္ပံနှင့်နည်းပညာဆိုင်ရာလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရည်မှန်းရလဒ်များရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆွေးနွေး

 

နေပြည်တော်     မတ်     ၃


သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်  သည့်လုပ်ငန်းအစီအစဉ်ဖြစ်သည့် ဦးစီးဌာနအလိုက် နှစ်စဉ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး အစီအစဉ်(Departmental Annual Implementation Plan-DAIP)ဆိုင်ရာ   ဆွေးနွေးပွဲကို   ယနေ့တွင်  နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ ကျင်းပသည်။ 

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက   ငါးနှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် စီမံကိန်းများနှင့်လုပ်ငန်းကို   စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် သိပ္ပံ၊  နည်းပညာနှင့်  ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ကို    ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊  ယင်းကိုအခြေခံ၍ ဦးစီးဌာနအလိုက် နှစ်စဉ်လုပ်ငန်းအကောင်အထည်ဖော်  ဆောင်ရေး လုပ်ငန်းအစီအစဉ်(DAIP)ကို  စနစ်တကျ ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လေ့လာ ဆန်းစစ်အကဲဖြတ်ရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင်လည်း DAIP ကို  အခြေခံရမည်ဖြစ်ကြောင်း၊ DAIP ကို  ရေးဆွဲအကောင်အထည်ဖော်  ဆောင်ရွက် ခြင်းဖြင့် ဘဏ္ဍာရေးနှစ်အတွင်း   မိမိတို့   အကောင် အထည်ဖော်   လုပ်ဆောင်ရမည့်   လုပ်ငန်းစဉ်များကို  ရှင်းလင်းစွာ သိမြင်နိုင်ပြီး  လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများကိုလည်း       စဉ်ဆက်မပြတ်   သုံးသပ်ပြုပြင်   ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊   လက်တွေ့အမှန်တကယ်    အကောင်အထည်ဖော် နိုင်မှုများကို   ဘဏ္ဍာငွေရရှိမှုများနှင့်ချိတ်ဆက်၍ စနစ်တကျ အကောင်အထည်ဖော်ရန် အထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ DAIP ရေးဆွဲရာတွင် အမှန်တကယ် ဆောင်ရွက်နိုင်မှုများအပေါ် အခြေခံ၍     ရေးဆွဲရန်လိုအပ်ပါကြောင်း၊  ဦးစီးဌာနများက ဘဏ္ဍာ ရေးနှစ်အလိုက် ရည်မှန်းရလဒ်များရရှိအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားခြင်းဖြင့် ရည်မှန်းချက်  ပန်းတိုင် ရောက်ရှိစေမည်ဖြစ်သလို နိုင်ငံတော်၏ လူမှု  စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို    များစွာအထောက် အပံ့ ပြုပေးနိုင်မည်ဖြစ်ကြောင်း၊ DAIP Guideline နှင့် Template များပါ  အချက်အလက်များအပေါ် ပူးပေါင်းပါဝင်ဆွေးနွေးရန်နှင့်    အကြံပြုချက်များပေးရန် ပြောကြားသည်။

 


ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာနက   မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ဆိုင်ရာ လေ့လာဆန်းစစ်အကဲဖြတ်ရေး မူဘောင် အကျဉ်းချုပ်နှင့် DAIP ဆိုင်ရာအချက်အလက် များကို ရှင်းလင်းတင်ပြသည်။    
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က ဦးစီးဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများသည် DAIP ကို အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင်         အကျိုးပြုထိရောက်သည့် လုပ်ငန်းစဉ်များဖြစ်ရန်      လိုအပ်ပါကြောင်းနှင့်  သတ်မှတ်ထားသော ရလဒ်၊ အညွှန်းကိန်းများ ပြည့်မီ အောင် ဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးသည်။

 


ဆွေးနွေးပွဲသို့  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက     ပါဝင်ဆွေးနွေးကြပြီး  ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက Online ဖြင့်  တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။


 သတင်းစဉ်