
နေပြည်တော် ဒီဇင်ဘာ ၂၂
Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံ တွင် ဝယ်ယူထုတ်လုပ်ရန် သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Lotte Hotel ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ် ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေး ဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေး မှူး ဗိုလ်ချုပ် ကိုကိုလွင်၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ကြသည်။
သမိုင်းမှတ်တိုင်အသစ်
ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (RTF Bulk) Doses ၁၀ သန်း ဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား တွင် ပါဝင်ခွင့်ရသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနားသည် မြန်မာ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား အထူးသဖြင့် စက်မှုဝန်ကြီးဌာနနှင့် Sinopharm China National Biotech Group တို့အကြား အရေးပါသည့် သမိုင်း မှတ်တိုင်အသစ် ရေးထိုးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြန်မာ နိုင်ငံတွင် ထုတ်လုပ်နိုင်ရေး အတွက် စတင်ဆွေးနွေးသည်မှ Ready To Fill Bulk များဝယ်ယူ ရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်သည်အထိ ကူညီ ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူး တင်ရှိပါကြောင်း၊ အထူးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီးနှင့်တကွ Sinopharm CNBG မှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မြန် ရောဂါဖြစ်ပြီး ယခုအခါတွင် ကမ္ဘာ့ နိုင်ငံအနှံ့သို့ ကူးစက်ပျံ့နှံ့လာမှု ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို တားဆီးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အထိရောက်ဆုံး ကာကွယ်သော နည်းလမ်းလည်း ဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနေဖြင့် Sinopharm ကိုဗစ် ကာကွယ်ဆေး Doses ၂၆ သန်း ဝယ်ယူခဲ့ပြီး ယခုအခါ ထိုးနှံပေး လျက်ရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းအချက် အလက်များအရ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သည် ဘေးထွက်ဆိုးကျိုးနည်းပါး ပြီး အာနိသင် ထက်မြက်သည်ကို သိရှိရသောကြောင့် Sinopharm CNBG မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို Ready to Fill Bulk အနေဖြင့် ဝယ်ယူ၍ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ယနေ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Doses ၁၀ သန်း ထုတ်လုပ်နိုင်ရေး အတွက် RTF Bulk ဝယ်ယူခြင်း ဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ အကြား ပူးပေါင်း ဆောင်ရွက်ခြင်း၏ ခြေလှမ်းသစ်တစ်ရပ်လည်း ဖြစ် ပါကြောင်း၊ နောင်တွင် ကာကွယ် ဆေးကဲ့သို့သော ဇီဝဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ပိုမို ပူးပေါင်း ဆောင်ရွက်မည်ဟု ယုံကြည်ပြီး မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး စတင်ဆောင်ရွက်သည့်နေ့ဖြစ်၍ ထူးခြားသော နေ့တစ်နေ့လည်း ဖြစ်ပါကြောင်း၊ Sinopharm CNBG နှင့် ပူးပေါင်း၍ မြန်မာ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက် မှုကဏ္ဍအတွက် အရေးကြီးသော ကာကွယ်ဆေးများသာမက အခြား ဆေးဝါးများကိုလည်း ပူးတွဲ၍ ထုတ်လုပ်နိုင်မည်ဟု မျှော်လင့် ပါကြောင်း။
အောင်မြင်မှုနှစ်သစ်မင်္ဂလာ
စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်သူတို့အတွက် လိုအပ်သော ဆေးဝါးများ ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ကြိုးစားဆောင် ရွက်လျက်ရှိပါကြောင်း၊ မကြာမီ ကျရောက်မည့် ၂၀၂၂ ခုနှစ်၏ တရုတ်နှစ်သစ်ကူးသည် “ကျား” နှစ်ဖြစ်သည့် အတွက် ကျန်းမာ ပျော်ရွှင်ဖွယ်ကောင်းပြီး အောင် မြင်မှုများရရှိစေမည့် နှစ်သစ် မင်္ဂလာ ဖြစ်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က Sinopharm CNBG က ထုတ်လုပ်သည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို မြန်မာနိုင်ငံ တွင် ထုတ်လုပ်နိုင်ရေးဆောင် ရွက်ခြင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပထမအဆင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ကို နိုင်ငံပေါင်း ၁၂၀ သို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ကိုဗစ်ရောဂါ အထူးကုသရေးကိုလည်း ထုတ် လုပ်နိုင်ရန် သုတေသနလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါ တတိယလှိုင်း ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံက ကိုဗစ်ရောဂါ ကာကွယ်ဆေး ပစ္စည်းများကို အများဆုံး ထောက်ပံ့ပေးခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံ ခဲ့သည့် ကိုဗစ်ရောဂါကာကွယ် ဆေးအများစုသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သောဆေးများဖြစ်ပြီး ယခု RTF Bulk များ ဝယ်ယူရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း သည် မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် များစွာ အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်း ပီသစွာ ဆွေမျိုးပေါက်ဖော် ရင်းနှီး မှုများ တိုးမြှင့်နိုင်ရေးကို အစဉ် တစိုက် ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ Chairman of Sinopharm Group, Mr. Jingzhen Liu က Sinopharm CMBG ကုမ္ပဏီသည် တရုတ်နိုင်ငံ တွင် ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ကုသ ရေးလုပ်ငန်းများနှင့် စက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းတို့တွင် အာရှ၌ ဒုတိယ အဆင့်တွင်ရှိပါကြောင်း၊ ကုမ္ပဏီမှ ထုတ်လုပ်သည့် Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက် ရရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် လည်း အစဉ်တစိုက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း Virtual စနစ်ဖြင့် တက်ရောက်ပြောကြားခဲ့သည်။
လက်မှတ်ရေးထိုး
ဆက်လက်၍ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး RTF Bulk Doses ၁၀ သန်း ဝယ်ယူရေး သဘောတူစာချုပ် အား မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုး ဇာနည်ဝင်းနှင့် Sinopharm China National Biotech Group ကိုယ်စား မစ္စတာ ရန်ရှောင်မင်းတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။
သတင်းစဉ်