
သိန္နီ အောက်တိုဘာ ၉
ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သိန္နီမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကုန်းညောင်ကျေးရွာ အုပ်စုနှင့် ကွန်ကောက်ကျေးရွာ အုပ်စုများရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင် ရွက်ပေးခြင်းလုပ်ငန်းကို အောက် တိုဘာလ ပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော် မော်ထွန်းက တိုင်းရင်းသားပြည်သူ များအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များအား ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်လှ