သိန္နီမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

 

သိန္နီ    ဇူလိုင်    ၉


ရှမ်းပြည်နယ်မြောက်ပိုင်း   သိန္နီမြို့နယ်တွင်   ကိုဗစ်−၁၉ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်   ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  သိန္နီမြို့  သာသနာ့ဗိမာန်တော်ကြီးတွင် အသက်   ၁၈   နှစ်နှင့်    အထက်ပြည်သူ များအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး   (တတိယအကြိမ်)  Booster   Dose  ကို  ဇူလိုင်  ၇  ရက်က ထပ်ဆောင်းထိုးနှံပေးသည်။

 


မြို့နယ်ဆရာဝန်ကြီး   ဒေါက်တာဇော်မိုး​အောင်၏      ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက  ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

 

 ကိုဗစ်−၁၉   ရောဂါ ကာကွယ်ဆေး  (တတိယအကြိမ်) ထပ်ဆောင်းထိုးနှံပေးရာတွင် ဆေးတစ်လုံးလျှင်  ဆယ်ဦးနှုန်းဖြင့်  ထိုးနှံပေးခြင်းဖြစ်ပြီး  သိန္နီမြို့နယ် တွင်   ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးများ     ရာနှုန်းပြည့်ထိုးနှံ ပြီးစီးနိုင်ရေးအတွက် သိန္နီမြို့ သာသနာ့ဗိမာန်တော်ကြီးတွင်လည်းကောင်း၊  ဆေးထိုးစုရပ်များတွင်  လည်းကောင်း၊ နယ်လှည့်စနစ်ဖြင့် လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။                                                            

စောဥမ္မာ(သိန္နီ)